Search This Blog

Friday, 21 February 2014

ကဗျာဟာ မန်းမြို့တော်ပေါက်စီပဲ ခေတ်ဟာ လော်လီပေါ့ပ်ပဲ သံသရာဝဋ်ဆင်းရဲကို ခြေနဲ့နင်းဖြတ်ဆိုလည်း ရဲတယ်






မြို့ပြအတုတွေ ပေါတယ် ၊ ဟစ်ဟော့ပ်သီချင်းတွေ ပေါတယ် ၊ သံစဉ်တွေ နွေရာသီထဲ ငြိမ့်ဆင်း ထရန်စလေးရှင်း အသစ်ကြီးပဲ ။ နောက်လ ပိတောက်တွေ ပွင့်မယ် ၊ နောက်နှစ် မီးတွေလင်းမယ် ။ အချင်းချင်း ချောင်းဟန့် သတိပေး ၊ ဂလိုဘယ်လိုက်ဇေးရှင်းအသစ်ကြီးပဲ ။ ဂေးလ်ဘာသာစကားတွေက ၂၀၀၇ ခုနှစ်လောက်က ခေတ်စား ၊ အခု ၂၀၁၄ မှာ ကိုရီးယားစကားတွေ ခေတ်စားတယ် ။ ကမ္ဘာဟာ ပြားသွားခြင်း (သို့မဟုတ်) ဖျားသွားခြင်း ။ ယောင်္ကျား ၁း၃ မိန်းမ ၊ မျိုးရိုးဗီဇဟာ အရေးပါလာမှု ။ ထုံးစံအတိုင်း ချစ်ကွဲညား မြန်မာ့ဗီဒီယိုခွေတွေ ကြည့် ။ ထုံးစံအတိုင်း အပေါစား ဝတ္ထုတွေ ဖတ် ။ ထုံးစံအတိုင်း နိုင်ငံရေးတွေ ပြော ။ ဆိုရှယ်ဖြစ်မှုနဲ့ ရောပြီး ပါးပြောင်လာတဲ့ ဖေ့စ်ဘွတ်တွေ တွစ်တာတွေ သုံးစွဲ ။ ကိုယ်ချင်းစာတရားနဲ့ မိဘမဲ့ကလေးတစ်ယောက် ဒိုနေးရှင်းပေါင်မုန့်ကြီး ကိုက်လို့ အွန်လိုင်းပေါ်တက်လာတယ် ။ တန်ဖိုးနည်း အိမ်ယာတွေ တန်ဖိုးနည်း ဖုန်းတွေ တန်ဖိုးနည်းကဗျာစာအုပ်တွေ အွန်လိုင်းပေါ်တက်လာတယ် ။ စကားမပီတဲ့ ကလေးကို ရှေးဟောင်းသီချင်းတွေ ဆိုခိုင်း ၊ တကယ့်ကို ပေါ်ပင်ဟာသပဲ လက်ခုပ်တီးအားပေး ။ ကမ္ဘာကျော် မျိုးချစ်ကဗျာဆရာ ၊ ရေသောက်ရင်း သွားကြားညပ်တာလည်း ရှက်စရာပဲ လက်ခုပ်တီးအားပေး ။ ဂူးဂဲလ်မှာ ကိုယ့်နာမည်ကိုယ်ရိုက်ရှာတယ် ။ မြေပုံထဲကအတိုင်းပဲ လှိုင်သာယာ မီးခွက်ဈေးကနေ လော့အိန်ဂျလိစ် ဘူတာရုံအထိ ။ နား ၊ နှာခေါင်း ၊ မျက်လုံး ကြုံရာပစ်ဆွဲ အဓိကအချက်က ရင်သားကြီး အိတွဲမနေရင် ရပြီ ။ ဝဋ်ဆင်းရဲလား အရေခွံပါလန်သွားမယ် ။ သိပ်သိ ၊ သိပ်တတ် ၊ ခေတ်ကိုက အဂွမ်းကြီး ။ ဒီမိုကရေစီကို ဖွန်ကြောင်တယ် ။ ဗိုလ်ချုပ်အောင်ဆန်းကို ဖွန်ကြောင်တယ် ။ အမှတ်တရ ရက်မှန်သမျှ ဖွန်နေတဲ့ ဖွန်အနုပညာ ၊ ဖွန်ကြောင်လူ့အဖွဲ့အစည်းလို့ ငါက သတ်မှတ်တော့ လေတာပေါ့ တဲ့ ။ ဖက်ခ်ပဲ ။ ဘုရားသခင်တောင် မဖတ်ဖူးတဲ့ ငါ့ကဗျာကို မင်းကအလွတ်ကျက်ပြီးဖြေတယ် ။ ကိုယ်သိသလောက်ဟာ အမှန်တရား မဖြစ်ဘူး * မောင်မိုးမြင့်က အရူးပဲ ဒါကို လက်ခံတဲ့ ငါလည်း စောက်ပေါပဲ ။ ငါ လေးစားတဲ့ကောင်တွေ ခွေးဘဝရောက်မှာ ငါစိုးရိမ်တယ် ။ တန်ဖိုးထားမှုလွဲချော်တော့ အတုတွေပဲ ဈေးကွက်ချဲ့လာ ။ သဘာဝပဲ ပစ်ထားလိုက်စမ်း ။ အာပေတူးချင်း မျက်စောင်းချိတ်ဆွဲ ကြွပ်ကျဲစရာကြီး ။ ဒီလို ဂဂျောင်ကဗျာတွေကိုပဲ ဖတ်နေရတယ် ။ မဂ္ဂဇင်းစာမျက်နှာတွေမှာ ငါဖီးလ်မလာတဲ့ စာတွေနဲ့ ဝဲပစ်လိုက်တယ် ။ အောင်ရင်ငြိမ်းပဲ ၊ အေးချမ်းပဲ ၊ ရင်ခွင်ရှိန်းပဲ စိတ်ခံစားမှုက အတိတ်ကို ဖျက်ချလိုက်ပြီ ။ သားလျောသွားတဲ့ ဗိုက်ကပူလာ ။ အဆဲသန်တိုင်းသာ ကဗျာဆရာဖြစ်ရင် သားငါးဈေးမှာ ကဗျာဆရာတွေ အပုံလိုက်ပဲ ။ မင်း ချိန်ခွင်ကြီးကို လမ်းဘေးစာအုပ်ထဲ ပစ်ချ ။ နောက်ဆုံးအဆင့်မှာ ရောင်တူရောင်ကွဲ ဂေါ်လီလုံးတွေ နှိုက်ပြီး အင်္ဂါထိပ်မှာ ပစ်တပ်လိုက်တယ် ။ ဘောဇ်ပဲ ။ မင်းစွဲသွားလိမ့်မယ် ဒီကဗျာ ။







နွေစကူး

Thursday, 6 February 2014

ကွက်လပ်များ







မစ္စ ဖရီဂျန်ထရီ
သူမလက်ဖျံပေါ်မှာ အစိပ်အကျဲမညီတဲ့
မွှေးညှင်းစိမ်းများနဲ့
သန္ဓေမအောင်တဲ့ ဝမ်းကပူလာတာ
ကမ္ဘာ့အပြင်ကနေကြည့်လည်း
..... ။

တစ္ဆေမှုတ်ထုတ်လိုက်သမျှ မီးခိုးများ
သူမကောင်းကင်မှာ ငွေ့ရည်ဖွဲ့သွားပေါ့
အရေပြားပေါ်မှ အက်ဆစ်မိုးများ
နှလုံးသားအထိ တိုက်စားသွားပြီ
မျက်ရည်ချင်းထိရုံနဲ့ မီးထတောက်မဲ့အဖြစ်
အံတင်းတင်းဖိကြိတ်ထားလည်း
..... ။

ကိုယ့်ချွေးနဲ့ ကိုယ်နှုံးချိ
ကိုယ့်သွေးနဲ့ ကိုယ်အဆိပ်သင့်
လေးထမ်းလာတဲ့ မုဆိုးက
သားကောင်ကို နမ်းပြီးသတ်တဲ့ မြင်ကွင်း
ပစ္စုပ္ပာန်နဲ့ ကျောချင်းကပ်ထားပါ
ဒီဘက်ခေတ်မှာ သစ္စာခံတွေရဲ့ ဓါးက ပိုထက်တယ်
ဓါးဆိုတာ ကျောကိုထိုးလည်း
..... ။

သေသွားတဲ့အပင်ကို ရေလောင်းပြီး
မြေသြဇာကို ရင်ဘတ်ထဲအပြည့်ထည့်ထားပါ
လမ်းမပေါ်မှာ ယမ်းမှုန့်တွေခင်းထား
မီးပွားလေးတစ်ချက်လောက်ကျတာနဲ့
..... ။

မစ္စ ဖရီဂျန်ထရီ
စီးကရက်ချင်း မီးကူးသင့်ပြီ
နှုတ်ခမ်းချင်း နမ်းသင့်ပြီ
တစ်ယောက်ခွက် တစ်ယောက်ထိခတ်
ခန္ဓာကိုယ်ရဲ့ အနားသတ်မှာ
ဗီသိုဘင်တေးသွားများထည့်လိုက်ပြီ
ဟုတ်ကဲ့ ။ ဘဝဟာ ရေတိုစီမံကိန်းတစ်ခုပါ
ဟုတ်ကဲ့ ။ ဘဝဟာ ဆယ်ပြားစေ့ထောင့်ချိုးလေးပါ
ဟုတ်ကဲ့ ..... ။







နွေစကူး

Monday, 3 February 2014

၂၀၁၅



"" ၂၀၁၅ "" အရှိန်ကောင်းဆို ဖွင့်ထားတဲ့ရွက်မှာ လေတွေကအင်ပြည့်အားပြည့် တိုးဝင်မောင်းနှင်လို့ ဘာပဲဖြစ်ဖြစ်ခရီးကနှင်နေပြီ တစ်ယောက်ကိုတစ်ယောက် တစ်ဖွဲ့ကိုတစ်ဖွဲ့ တစ်အုပ်စုကိုတစ်အုပ်စု တစ်ဖက်နှင့်တစ်ဖက် သံသယတွေနဲ့စောင့်ကြည့် မလုံခြုံမှုတွေခြုံရင်း ဘာပဲဖြစ်ဖြစ်ခရီးကနှင်နေပြီ တစ်စုံတစ်ခုကိုယုံယုံကြည်ကြည်မျှော်လင့် အားကိုးတကြီးဖက်တွယ်ထားသူများ ဆုတောင်းတိုင်တည်စောင့်ကြိုနေသူများ ကိုယ့်ထိုင်ခုံစောင့်နေရာပျောက်မှာကြောက်နေသူများ တွန်းတိုက်တိုးဝှေ့နေရာလုနေသူများ တစ်ရက်လောက်ဥပုပ်စောင့်သီလမြဲသယောင် အယောင်ဆောင်ကဇော်သမားများ အာပေါင်အာရင်းသန်သန်အပြောအဟောကောင်း လက်ချည်းဗလာပေါချာချာများ ရှေ့နောက်လက်ညှိုးထိုးအပြစ်တင် စင်မြင့်တက်ရန်ကြံကြသူများနဲ့ စည်စည်ကားကားရွက်လွှင့် ဘာပဲဖြစ်ဖြစ်ခရီးကနှင်နေပြီ။ ၂၀၁၅ဟာ သံသယအစိုင်အခဲကြီး ၂၀၁၅ဟာ မရေရာမသေချာမှု ၂၀၁၅ဟာ အနင်းခံတွေကို ဆက်နင်းဖို့လား မြှင့်တင်ဖို့လား ၂၀၁၅ဟာ စစ်ပွဲလား ငြိမ်းချမ်းရေးလား ၂၀၁၅ဟာ ပြည်သူတွေအတွက် ကြမ္မာအပြောင်းအလဲလား ၂၀၁၅ဟာ ထူးမခြားနား အာဏာရှင်အထည်ကြီးပျက်တွေ အတွက်ပဲလား ၂၀၁၅ဟာ ဘာလဲ ? လူမျိုးရေးနဲ့ စီးပွါးရေး အဓိကရုဏ်းနဲ့ စစ်ပွဲများ သန်း ၆၀ ကျော်ရဲ့ ကံကြမ္မာ ... ဒီမှာ ၂၀၁၅ ခင်ဗျားဟာ သမိုင်းရဲ့ စာမျက်နှာသစ် ဖြစ်မလား ထပ်ပြီး ညစ် မလား သစ်တွေရောင်းတယ် တောတွေရောင်းတယ် တောင်တွေရောင်းတယ် ဂက်စ်တွေရောင်းတယ် သုံးမကုန်လို့တဲ့လျှပ်စစ်လည်းပြည်ပရောင်းတယ် နောက်ဆုံး တစ်နိုင်ငံလုံးရဲ့အသက်ဓါတ်နဲ့ စီးဆင်းနေတဲ့မြစ်ဧရာတာင် ခွေးဦးနှောက်နဲ့တွက်ချက်ရောင်းတယ် နောက်ထပ်ရောင်းစရာမရှိရင် ၂၀၁၅မတိုင်ခင်လူတွေပါထုတ်ရောင်းဦးမယ် နို့သောက်ပါ ထမင်းတစ်နပ်လျှော့စားပါ ကြီးပွားတိုးတက်ရေးဆုံးမစာနီတိတွေဟာ ၂၀၁၅အသွားလမ်းမှာပလူပျံလို့။



 ကဗျာ မျှော့ကြိုး စုစည်းမှု

 နတ်ဆိုး သူရ (စလင်း)

ဟုတ်ကဲ့ - ဘုရားဟောမယ့်တရားနဲ့ ကျွတ်တမ်းဝင်ဖို့ထက် ကမ္ဘာမြေအတွက် ကျုပ်အရိုးတွေ မြေဆွေးဖြစ်ချင်တယ်







နာကျင်တယ် ငိုကြွေးတယ် မျက်ရည်ကျတယ် တဆင့်ချင်း လူသားဆန်ဖို့ လုပ်ထုံးလုပ်နည်း ပုံစံခွက်အဟောင်းပဲ ။ တစ်ယောက်ကို တစ်ယောက် စောက်ရမ်းချစ်တယ် * ဟုတ်ကဲ့ အဲ့ဒါ အကောင်းဆုံးဟာသပါပဲ ။ ဘုရားသခင်ဟာ ခင်ဗျားရဲ့ အသိဥာဏ်ကို မုဒိန်းကျင့်သွားပြီ ။ ဆန့်ကျင်ဘက်လိင်နဲ့ သွေးသားအပြန်အလှန်လှုံ့ဆော်ခြင်းဟာ လိင်တူဆက်ဆံခြင်းထက် မြင့်မြတ်ပါတယ် ။ I am God !! ဒီလိုစကားကို ပြောဖို့ မိုးကြိုးအကြိမ်ကြိမ် အပစ်ခံဖူးတယ် ။ Social wesite ပေါ်က သစ္စာတရားတွေ လူအဖွဲ့အစည်းကြားက ကတိစကားတွေ အားလုံးဟာ ရာသီသွေး ပေစွန်းထားတဲ့ အမျိုးသမီးအတွင်းခံလိုပဲ ။ ရွံစရာပါပေါ့ ။ တစ်ယောက်ကို တစ်ယောက် ပရိယာယ်တွေနဲ့ ပစ်ခတ် ။ အာဏာမုန်ယိုမှု ၊ ငွေကြေး ၊ ဂုဏ်ဒြပ် စတဲ့အာသာငမ်းငမ်းဖြစ်ဖြစ်မှု လူသားဆန်ဆန် ဆက်လက်ရူးသွပ်ပေးကြပါ ။ သူယုတ်မာတွေမရှိဘဲ ကမ္ဘာကြီးဟာ ရေရှည်မရပ်တည်နိုင်ပါဘူး ။ ဘုရားသခင်ဟာ သူ့ဖခင်ရဲ့ ဒုတိယဇနီးကို ပြစ်မှားဖူးလား ဒါမှမဟုတ် သူ့ရဲ့ ဇနီးလောင်းကို Living together နေဖို့ စည်းရုံးဖူးလား ။ လူသားမဆန်မှုတွေပဲ တွေ့ရ ။ လက်ရှိ လူ့အဖွဲ့အစည်းဟာ လူ့အဖွဲ့အစည်းရဲ့ ပြင်ပကို ရောက်နေပြီ ။ နာမည်ကြီး ပွန်းဆိုဒ်တစ်ခုမှာ seen by 50 millions အထိ ရှိနေခြင်း ၊ google ရဲ့ Search engine ဟာ တစ်နေကုန် Porn blog တွေ ရှာဖွေနေရခြင်း ၊ ဟုတ်ကဲ့ လူသားအားလုံးဟာ လူသားဆန်တတ်ပါတယ် ။ တစ်ချို့က ပေတံတစ်ချောင်းကို နှစ်ခါခွဲတိုင်းတယ် တစ်ချို့က စည်းမျဉ်းဘောင်လေးအပေါ် ကပ်လျက် လမ်းလျှောက်တယ် ။ သူတော်စင်တွေ ၊ လူယုတ်မာတွေ ၊ သူဌေးတွေ ၊ လူငမွဲတွေ ၊ အာဏာရှင်တွေ ၊ အပြစ်သားတွေ ၊ အဆိုတော်တွေ ၊ ကဗျာဆရာတွေ စတဲ့ စိတ်ဝေဒနာတွေကို ကျုပ်တို့မွေးမြူကြ ။ ငရဲနဲ့ လူဘုံကို အတက်အဆင်း ခလုပ်မောင်းလေးထဲထည့်ပြီး ပစ်ခတ် ။ ဟုတ်ကဲ့ သေသွားရင် အေးတာပဲ ။ ကိုယ့်စိတ်ရဲ့ ဦးတည်ချက်ဟာ သူတစ်ပါးအပေါ် ထိခိုက်စေမယ်ဆိုရင် ရွံ့စရာပဲ ။ အနီးကပ်ဆုံး facebook ပေါ်မှာ ဒီလို စောက်ရူးတွေ ပေါတယ် ။ နိုင်ငံရေးသမားတွေ ဘာသာရေးသမားတွေ အဆိုတော်တွေ သရုပ်ဆောင်တွေ ကဗျာဆရာတွေ ဘောရူးတွေ ဆိုရှယ်နက်ဝက်ပေါ်မှာ တတိယကမ္ဘာစစ်အတွက် အစပျိုးနေကြပုံ ။ Social network @ nuclear 21 Century .bomb/ ကွန်ယက်တစ်ခုကနေ ဖိုက်ဘာဆက်ကြောင်းတွေကြား စိတ်ခံစားချက်တစ်ချက်ပြောင်းတာနဲ့ အသေးဆုံး အက်တမ်တွေ ထ ပေါက်ကွဲလိမ့်မယ် ။ သေခြင်းတရားအတွက် ဘုရားသခင်တွေ ထ လာမယ် ။ နောက်တစ်ကြိမ် တရားတွေ ထပ်ဟောမယ် ။ ခင်ဗျားတို့ ကျုပ်တို့ရဲ့ အကုသိုလ် အစိုင်အခဲဟာ သူတို့ကို ဘုရားဖြစ်ဖို့ အားပေးလိုက်သလိုပါပဲ ။ ဟုတ်ကဲ့ ဘုရားဟောတဲ့ တရားနဲ့ ကျွတ်တမ်းဝင်ဖို့ထက် ကမ္ဘာမြေအတွက် ကျုပ်အရိုးတွေ မြေဆွေး ဖြစ်စေချင်ပါတယ် ။







နွေစကူး