ကဗျာဖြစ်ခြင်း / မဖြစ်ခြင်းထက် စာသားအဆောက်အအုံများ တည်ဆောက်ကြခြင်းသာ ဖြစ်တယ် ။ Blogger
Search This Blog
Thursday, 6 February 2014
ကွက်လပ်များ
မစ္စ ဖရီဂျန်ထရီ
သူမလက်ဖျံပေါ်မှာ အစိပ်အကျဲမညီတဲ့
မွှေးညှင်းစိမ်းများနဲ့
သန္ဓေမအောင်တဲ့ ဝမ်းကပူလာတာ
ကမ္ဘာ့အပြင်ကနေကြည့်လည်း
..... ။
တစ္ဆေမှုတ်ထုတ်လိုက်သမျှ မီးခိုးများ
သူမကောင်းကင်မှာ ငွေ့ရည်ဖွဲ့သွားပေါ့
အရေပြားပေါ်မှ အက်ဆစ်မိုးများ
နှလုံးသားအထိ တိုက်စားသွားပြီ
မျက်ရည်ချင်းထိရုံနဲ့ မီးထတောက်မဲ့အဖြစ်
အံတင်းတင်းဖိကြိတ်ထားလည်း
..... ။
ကိုယ့်ချွေးနဲ့ ကိုယ်နှုံးချိ
ကိုယ့်သွေးနဲ့ ကိုယ်အဆိပ်သင့်
လေးထမ်းလာတဲ့ မုဆိုးက
သားကောင်ကို နမ်းပြီးသတ်တဲ့ မြင်ကွင်း
ပစ္စုပ္ပာန်နဲ့ ကျောချင်းကပ်ထားပါ
ဒီဘက်ခေတ်မှာ သစ္စာခံတွေရဲ့ ဓါးက ပိုထက်တယ်
ဓါးဆိုတာ ကျောကိုထိုးလည်း
..... ။
သေသွားတဲ့အပင်ကို ရေလောင်းပြီး
မြေသြဇာကို ရင်ဘတ်ထဲအပြည့်ထည့်ထားပါ
လမ်းမပေါ်မှာ ယမ်းမှုန့်တွေခင်းထား
မီးပွားလေးတစ်ချက်လောက်ကျတာနဲ့
..... ။
မစ္စ ဖရီဂျန်ထရီ
စီးကရက်ချင်း မီးကူးသင့်ပြီ
နှုတ်ခမ်းချင်း နမ်းသင့်ပြီ
တစ်ယောက်ခွက် တစ်ယောက်ထိခတ်
ခန္ဓာကိုယ်ရဲ့ အနားသတ်မှာ
ဗီသိုဘင်တေးသွားများထည့်လိုက်ပြီ
ဟုတ်ကဲ့ ။ ဘဝဟာ ရေတိုစီမံကိန်းတစ်ခုပါ
ဟုတ်ကဲ့ ။ ဘဝဟာ ဆယ်ပြားစေ့ထောင့်ချိုးလေးပါ
ဟုတ်ကဲ့ ..... ။
နွေစကူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment