@@@ အာမခံဖို့တော့လိုမယ် @@@
ကျွန်တော်ဟာ ကမ္ဘာ့လူသားတစ်ယောက်ပါ...
ကမ္ဘာကြီးကို ဘယ်လိုတိုးတက်အောင် လုပ်ရမှန်းမသိပေမဲ့
ကမ္ဘာကြီးကိုတော့ မဆုတ်လျော့စေချင်ခဲ့ပါဘူး...။
ကျွန်တော်ဟာ မြန်မာပြည်သားတစ်ယောက်ပါ...
မြန်မာပြည်ကို ဘယ်လိုတိုးတက်အောင် မလုပ်တတ်ပေမဲ့
မြန်မာပြည်ကိုတော့ မနွမ်းပါးစေချင်ခဲ့ပါဘူး...။
ကျွန်တော်ဟာ ဧရာဝတီကို ချစ်တဲ့သူတစ်ယောက်ပါ...
ဧရာဝတီကို ဘယ်လိုကာကွယ်ရမှန်းမသိပေမဲ့
ဧရာဝတီကို ထာဝရ ရှင်သန်စေချင်ခဲ့သူ...။
လက်ပန်တောင်
သဘာဝဓါတ်ငွေ့
သစ်တော
မြစ်ဆုံ
ဘာပဲဖြစ်ပေါ့...
ဘယ်အချိန်ပဲဖြစ်ဖြစ်...
အကျိုးအဖြစ် အဆိုးအပြစ်ကို
ထင်သာစေချင်ခဲ့သူ...
သုံးချပ်မှောက် ဖဲသမားလို
မလှည့်ဖျားသင့်ပါဘူး...
(မလိမ်မညာ မလှည့်စားပါဘူးဆိုရင်)
ကျွန်တော်တို့ ဘ၀တွေကိုပုံအောကစားပစ်မယ်
သန့်ရှင်းတဲ့ games တော့ ဖြစ်ဖို့အာမခံပေါ့...။
ကျော်ထွန်းနိုင်
No comments:
Post a Comment