Search This Blog

Wednesday, 29 January 2014

လက်ဖက်ရည်ဆိုင် တော်လှန်ရေး



အာဖဂန် ဘက်မှာပန်းတွေစိုက်မယ်ဗျာ ။

လက်ရာပျက်နေတဲ့ဝိုင်တွေ အီတလီညနေခင်းနဲ့ စိမ်သောက်လိုက်ရအောင် ။

ခေါက်ရိုးကျိုးနေတဲ့ ကချင်ဆေးပေါ့လိပ်ထဲက ယမ်းဆံတွေ ထည့်ပြီး တစ်ဖွာယူရှိုက်မယ် ။

လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ကျုပ်က global လူပျက်တစ်ကောင်ပဲ ။

လက်မနဲ့ ညစ်ထားတဲ့ အိပ်မက်တွေ ဆားထည့်ပြီး မျက်စဉ်းခတ်ပေးပါ ။

ကဗျာဟာ ပန်းနာရင်ကျပ် ဖြစ်နေလို့ ။

ကမ္ဘာကျော် မိုနာလီဇာ ရဲ့ အပြုံးဟာ
မီးခိုးထောင်းထောင်းထနေတယ်..။

လ္ဘက်ရည်လေးတစ်ခွက် အမြန်ချဗျာ ခေတ်ကိုကအချိန်မရလို့ ။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့
အ သုံးလုံးသင်တန်းမှာ ကိုယ်က
မူကြိုအဆင့်ပါ..။

ဖွာနေရင်းဆေးပေါ့လိပ်လေးက အစီခံအပြင် ကိုယ့်လက်ဖျားတွေအထိလောင်ကျွမ်းသွား ။

လောကကြီးမှာမျိုးတုံးပျောက်ကွယ်
တော့မယ့် မျိုးစိတ်တွေရဲ့ စာရင်းမှာ
မေတ္တာတရားနဲ့ကိုယ်ခြင်းစာတရားကို
ထိပ်ဆုံးမှာမှင်နီနဲ့ရေးထားပေးကြပါဦး။

ရေနွေးလေးတစ်အိုးလောက် အမြန်သောက်ပါရစေဦး ပူနွေးမှုကို ကိုယ်အရမ်းသဘောကျတယ် ။

ဟော...ဘရူးတက်စ် တွေ အုံနဲ့ကျင်းနဲ့
ချီလာကြပြီ....... ဘရူနို ကတော့
လက်ဝါးကပ်တိုင်မှာပြုံးလို့...။

ညီလေးရေ....လ္ဘက်ရည်ဖိုးကို ထပ်ပြီး
စာရင်းတို့ထားလိုက်ပါဦးကွာ။

နွေစကူး + ညီညီနို

No comments:

Post a Comment