Search This Blog

Wednesday, 29 January 2014

အိုးစည်ဒိုးပတ်

အိုး စည် ဒိုး ပတ်




လက်နှစ်ဘက်လေဖြန့်လို့
တောင်းခံမိတာပါ....
လောဘကြီးတယ်လို့မပြောပါနဲ့
ငါကအတ္တ နည်းနည်းပဲရှိတာပါ
သံယောဇဉ် တွေကစေခိုင်လို့
လက်ကျန်အင်အားလေနဲ့လိုက်ရှာတာပါ
နင်ကတော့ ပြုံးပျော်နေတဲ့မျက်နာနဲ့
လူတွေအရမ်းရှုပ်တဲ့ လှည်းတန်းမှာ
စိန်ပြေးတိုင်တွေဆော့နေလေရဲ့
ငါမသိခဲ့တာအမှန်ပါ ....
လေပူ တချက်မှုတ်ထုတ်
ငါ့အိမ်ပြန်ချိန်မှာ ငါတစ်ယောက်ထဲရယ်
နင်မတရာခဲ့တဲ့အချိန်မှာတောင်
ပိုပြီးချစ်နေတတ်တယ် ....
မေ့လို့မှ မရတာ
သံယောဇဉ်ကို ဖြတ်လို့မှ မရတာ
ဆိုင်းဝိုင်းတီပြီး ပျော်ပျော်ကြီး
ဆက်ဆော့ကြတာပေါ့ မတင်ရွှေ.....
အိုးစည်ဒိုးပတ် .......
အိုးစည်ဒိုးပတ် .......      ။          ။





ပေတလူ

No comments:

Post a Comment