Search This Blog

Wednesday, 29 January 2014

ရနံ့

ချွေးနံ့တစ်ခု ။
မွှေးပျံ့နေခြင်းဖြင့်
ညှီစို့စို့ဆိုးဝါးစွာဖြင့်
မသေချာဘူး
ရနံ့တစ်ခုရဲ့ဘာသာဗေဒ
သိပ်တော့နားမလည်
ဒါပေမယ့် ....
လိုအပ်တယ် ။

ကိုယ်တောင့်တမိတဲ့ ချွေးနံ့
ဘယ်နားကထွက်လာသလဲ
မိန်းမတစ်ယောက်ဆီကလား
ယောင်္ကျားတစ်ယောက်ဆီကလား
မတိကျ ..... မသေချာ ။
ဘယ်ကလဲ
ထပ်တလဲလဲပဲ မေးတယ်
သနပ်ခါးလိမ်းထားတဲ့ ပါးပြင်ကလား
ဆိုးဆေးမထိထားတဲ့ နှုတ်ခမ်းကလား
ကိုယ်မမြင်ဖူးတဲ့ ရင်သားပေါ်ကလား
ဒါမှမဟုတ်
ဟိုးးး
အတွင်းတစ်နေရာရာကလား
အတိအကျတော့ မဟုတ်ဘူး
ဒါပေမယ့်
ဒီချွေးနံ့လေးကို တယုတယတောင့်တ
ကိုယ်ဟာကြောင်တစ်ကောင်လို
ရှာတယ်
ခွေးတစ်ကောင်လို အနံ့ခံကြည့်တယ်
နဖူးပြင်က ဆံနွယ်စတွေကနေ
ခြေမပေါ်ကျသွားတဲ့ ချွေးစလေးတွေအထိ
တယုတယလိုက်နမ်းမိ ။


လိပ်ပြာမလုံတဲ့ အကြည့်တွေ
သံသယအနံ့တွေနဲ့
တယူသန်ရူးသွပ်မှုတွေဟာ
အာရုံကြောဆီ အလျားထိုး ဝင်ရောက်
သူမနဲ့ ကိုယ့်ကြားမှာ
သွေးသားတော်စပ်မှု ရှိကောင်းရှိမယ်
ဒါပေမယ့်
ဒီချွေးနံ့ကို တစ်ကမ္ဘာလုံးက
မိန်းမတိုင်း မပိုင်ဆိုင်နိုင်လောက်ဘူး
ဘာလုပ်ပစ်ရမလဲ
ကိုယ့်ကိုယ်ကို သေသေချာချာ
စစ်ဆေးဖို့လိုလာပြီ ။



ခေတ်ဟောင်းမှာ ချွေးတဒီးဒီးကျနေတဲ့ ပုံပြင်တွေ
မဖတ်ဖြစ်(မဖတ်ချင်)
ဘိန်းစားဆေးငတ် မဖြစ်အောင်
ကိုယ့်စိတ်ကိုယ် လုပ်ယူလိုက်တယ် ။
မျက်လုံးကို မှိတ်လိုက်တာနဲ့
ချွေးနံ့ဟာ အာရုံကြောထဲ ဝင်လာ
ကိုယ့်စိတ်ကို အကြိမ်ကြိမ် Rape လုပ်ပစ်
ဒီလိုမှမလုပ်ရင်
သံသရာတစ်လျှောက် အနံ့ခံခွေးဖြစ်သွားလိမ့်မယ် ။
လိုအပ်ရင် ကိုယ့်ကိုယ်ကို လိမ်ပစ်
ဘုရားသခင်ဟာ
ဒီလိမ်ညာမှုအပေါ် လိပ်ပြာလုံနေလိမ့်မယ် ။


လက်ဖျားလေးတွေ တဆတ်ဆတ် တုန်ခါလာ
အံသြမှုလား
ချစ်ခြင်းမေတ္တာလား
ဘာလဲ .....
ချွေးနံ့လောက်နဲ့တော့
လိင်ပိုင်းဆိုင်ရာဖောက်ပြန်မှု မဖြစ်နိုင်
လိပ်စာမဲ့ စာအိတ်တစ်လုံး
Love 1500 & Fucking relationships ဆိုတဲ့
တံဆိပ်ခေါင်းနဲ့
ကျုပ်တို့ဟာ ဟန်ဆောင်ပန်ဆောင်
အိပ်မောကြ
မျက်လုံးဖွင့်လျက် ..... ။

အယူအဆတွေ
အတွေးအခေါ်တွေ
စသဖြင့်ပေါ့
ချွေးမထွက်ဘဲ လုပ်လို့ရသမျှ
စိတ်ရဲ့ ပြတ်ရှနာတွေ
အပြင်းစား ဆေးသိပ်မှုနဲ့
ငါ့ကမ္ဘာငါ မျှားခေါ်လိုက်ပြီ ..... ။


တောင့်တမိတဲ့ ချွေးနံ့ဟာ
အိုးဇုန်းလွှာ အပေါက်ကနေထွက်သွားပြီ ။
သူမဟာ ရှားပါးလူဖြစ်ရုပ်ကြွင်း
အရိုးချင်းပူးကပ်
ကျောဘက်မှာ
တက်တူးအသစ်စက်စက်ကလေးတစ်ခု
စိတ်ပါပါထိုးပစ်
အနံ့ခံပစ်
ချွေးနံ့ထက် သွေးညှီနံ့တွေပဲ ကျုပ်နှာသီးဝမှာ တွဲခိုသွားတယ် ။









နွေစကူး

2014

No comments:

Post a Comment