Search This Blog

Wednesday, 29 January 2014

ကဗျာမျှော့ကြိုး

@@ တို့ စလျှောက်တဲ့ ခြေလှမ်း တို့ဆက်လျှောက်မယ့် တို့စခန်း @@



တို့တစ်တွေက ပုလင်းတူတဲ့ ဗူးဆို့တွေ

စိတ်ချင်း ယက်ထားတဲ့ အိပ်တစ်လုံးထဲက အဆင်

မတည့်အတူ နေခြဲ့က

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လက်တွဲ မဖြုတ်နိုင်သူတွေ

လွတ်လပ်စွာ သဘောထားကွဲတယ်

စေးကပ်စွာ စည်းလုံးခဲ့ကြတယ်

စိတ်ထဲမကြည်တဲ့အခါ စိတ်ဆိုးချင် ဆိုးကြတာပေါ့

သို့ပေမဲ့

တစ်ယောက်ကိုတစ်ယောက်တော့ စိတ်မကောက်ကြဘူး

ဘယ်လိုသဘောထားတွေ ကွဲကြ ကွဲကြ

ကဗျာမြစ်ပြင်ပေါ်ရောက်ရင် တစ်သားထဲလှမ်းတယ်

ကဗျာအရိပ်အောက်မှာဆို တစ်ထပ်ထဲခိုတယ်..။


ဒီကြိုးလေးတွေဟာ

အရောင်အသွေးစုံတယ်

အမှောင်ပါမယ် ၊ အလင်းပါမယ်

အစိမ်း ၊ အနီ ၊ ၀ါ ၊ ပြာ၊ ညို ၊ နက်

အဖြူချည်သက်သက် ကဗျာပေါ်မှာ ဆေးစက်ခြယ်

စိတ်ရင်းနဲ့ ထွန်းတယ်

စိတ်အချင်းချင်း လင်းတယ်

မျှော့ကြိုးလေးတစ်ခုလိုပဲ

အကျယ် အကျဉ်း ကြားမှာ ၀င်ဆံ့နိုင်ခြင်းတွေနဲ့

အလျှော့ အတင်း လျှောက်ခဲ့ကြတယ်

ဒီနေ့ဟာ

ငါတို့တွေရဲ့ ခြေလှမ်း

ငါတို့တွေရဲ့ စခန်းကို

တက်ညီ လက်ညီ လှမ်းဖို့

ငါတို့တွေရဲ့ ပထမခြေလှမ်းပဲ

အားမာန်အပြည့်

ကဗျာမျှော့ကြိုးဆိုတဲ့ စခန်းသာဆီ သို့.........

ရွေ့.....

ရွေ့.....

ရွေ့.....။။။။





ကျော်ထွန်းနိုင်

No comments:

Post a Comment