ကဗျာဖြစ်ခြင်း / မဖြစ်ခြင်းထက် စာသားအဆောက်အအုံများ တည်ဆောက်ကြခြင်းသာ ဖြစ်တယ် ။ Blogger
Search This Blog
Friday, 21 February 2014
ကဗျာဟာ မန်းမြို့တော်ပေါက်စီပဲ ခေတ်ဟာ လော်လီပေါ့ပ်ပဲ သံသရာဝဋ်ဆင်းရဲကို ခြေနဲ့နင်းဖြတ်ဆိုလည်း ရဲတယ်
မြို့ပြအတုတွေ ပေါတယ် ၊ ဟစ်ဟော့ပ်သီချင်းတွေ ပေါတယ် ၊ သံစဉ်တွေ နွေရာသီထဲ ငြိမ့်ဆင်း ထရန်စလေးရှင်း အသစ်ကြီးပဲ ။ နောက်လ ပိတောက်တွေ ပွင့်မယ် ၊ နောက်နှစ် မီးတွေလင်းမယ် ။ အချင်းချင်း ချောင်းဟန့် သတိပေး ၊ ဂလိုဘယ်လိုက်ဇေးရှင်းအသစ်ကြီးပဲ ။ ဂေးလ်ဘာသာစကားတွေက ၂၀၀၇ ခုနှစ်လောက်က ခေတ်စား ၊ အခု ၂၀၁၄ မှာ ကိုရီးယားစကားတွေ ခေတ်စားတယ် ။ ကမ္ဘာဟာ ပြားသွားခြင်း (သို့မဟုတ်) ဖျားသွားခြင်း ။ ယောင်္ကျား ၁း၃ မိန်းမ ၊ မျိုးရိုးဗီဇဟာ အရေးပါလာမှု ။ ထုံးစံအတိုင်း ချစ်ကွဲညား မြန်မာ့ဗီဒီယိုခွေတွေ ကြည့် ။ ထုံးစံအတိုင်း အပေါစား ဝတ္ထုတွေ ဖတ် ။ ထုံးစံအတိုင်း နိုင်ငံရေးတွေ ပြော ။ ဆိုရှယ်ဖြစ်မှုနဲ့ ရောပြီး ပါးပြောင်လာတဲ့ ဖေ့စ်ဘွတ်တွေ တွစ်တာတွေ သုံးစွဲ ။ ကိုယ်ချင်းစာတရားနဲ့ မိဘမဲ့ကလေးတစ်ယောက် ဒိုနေးရှင်းပေါင်မုန့်ကြီး ကိုက်လို့ အွန်လိုင်းပေါ်တက်လာတယ် ။ တန်ဖိုးနည်း အိမ်ယာတွေ တန်ဖိုးနည်း ဖုန်းတွေ တန်ဖိုးနည်းကဗျာစာအုပ်တွေ အွန်လိုင်းပေါ်တက်လာတယ် ။ စကားမပီတဲ့ ကလေးကို ရှေးဟောင်းသီချင်းတွေ ဆိုခိုင်း ၊ တကယ့်ကို ပေါ်ပင်ဟာသပဲ လက်ခုပ်တီးအားပေး ။ ကမ္ဘာကျော် မျိုးချစ်ကဗျာဆရာ ၊ ရေသောက်ရင်း သွားကြားညပ်တာလည်း ရှက်စရာပဲ လက်ခုပ်တီးအားပေး ။ ဂူးဂဲလ်မှာ ကိုယ့်နာမည်ကိုယ်ရိုက်ရှာတယ် ။ မြေပုံထဲကအတိုင်းပဲ လှိုင်သာယာ မီးခွက်ဈေးကနေ လော့အိန်ဂျလိစ် ဘူတာရုံအထိ ။ နား ၊ နှာခေါင်း ၊ မျက်လုံး ကြုံရာပစ်ဆွဲ အဓိကအချက်က ရင်သားကြီး အိတွဲမနေရင် ရပြီ ။ ဝဋ်ဆင်းရဲလား အရေခွံပါလန်သွားမယ် ။ သိပ်သိ ၊ သိပ်တတ် ၊ ခေတ်ကိုက အဂွမ်းကြီး ။ ဒီမိုကရေစီကို ဖွန်ကြောင်တယ် ။ ဗိုလ်ချုပ်အောင်ဆန်းကို ဖွန်ကြောင်တယ် ။ အမှတ်တရ ရက်မှန်သမျှ ဖွန်နေတဲ့ ဖွန်အနုပညာ ၊ ဖွန်ကြောင်လူ့အဖွဲ့အစည်းလို့ ငါက သတ်မှတ်တော့ လေတာပေါ့ တဲ့ ။ ဖက်ခ်ပဲ ။ ဘုရားသခင်တောင် မဖတ်ဖူးတဲ့ ငါ့ကဗျာကို မင်းကအလွတ်ကျက်ပြီးဖြေတယ် ။ ကိုယ်သိသလောက်ဟာ အမှန်တရား မဖြစ်ဘူး * မောင်မိုးမြင့်က အရူးပဲ ဒါကို လက်ခံတဲ့ ငါလည်း စောက်ပေါပဲ ။ ငါ လေးစားတဲ့ကောင်တွေ ခွေးဘဝရောက်မှာ ငါစိုးရိမ်တယ် ။ တန်ဖိုးထားမှုလွဲချော်တော့ အတုတွေပဲ ဈေးကွက်ချဲ့လာ ။ သဘာဝပဲ ပစ်ထားလိုက်စမ်း ။ အာပေတူးချင်း မျက်စောင်းချိတ်ဆွဲ ကြွပ်ကျဲစရာကြီး ။ ဒီလို ဂဂျောင်ကဗျာတွေကိုပဲ ဖတ်နေရတယ် ။ မဂ္ဂဇင်းစာမျက်နှာတွေမှာ ငါဖီးလ်မလာတဲ့ စာတွေနဲ့ ဝဲပစ်လိုက်တယ် ။ အောင်ရင်ငြိမ်းပဲ ၊ အေးချမ်းပဲ ၊ ရင်ခွင်ရှိန်းပဲ စိတ်ခံစားမှုက အတိတ်ကို ဖျက်ချလိုက်ပြီ ။ သားလျောသွားတဲ့ ဗိုက်ကပူလာ ။ အဆဲသန်တိုင်းသာ ကဗျာဆရာဖြစ်ရင် သားငါးဈေးမှာ ကဗျာဆရာတွေ အပုံလိုက်ပဲ ။ မင်း ချိန်ခွင်ကြီးကို လမ်းဘေးစာအုပ်ထဲ ပစ်ချ ။ နောက်ဆုံးအဆင့်မှာ ရောင်တူရောင်ကွဲ ဂေါ်လီလုံးတွေ နှိုက်ပြီး အင်္ဂါထိပ်မှာ ပစ်တပ်လိုက်တယ် ။ ဘောဇ်ပဲ ။ မင်းစွဲသွားလိမ့်မယ် ဒီကဗျာ ။
နွေစကူး
Thursday, 6 February 2014
ကွက်လပ်များ
မစ္စ ဖရီဂျန်ထရီ
သူမလက်ဖျံပေါ်မှာ အစိပ်အကျဲမညီတဲ့
မွှေးညှင်းစိမ်းများနဲ့
သန္ဓေမအောင်တဲ့ ဝမ်းကပူလာတာ
ကမ္ဘာ့အပြင်ကနေကြည့်လည်း
..... ။
တစ္ဆေမှုတ်ထုတ်လိုက်သမျှ မီးခိုးများ
သူမကောင်းကင်မှာ ငွေ့ရည်ဖွဲ့သွားပေါ့
အရေပြားပေါ်မှ အက်ဆစ်မိုးများ
နှလုံးသားအထိ တိုက်စားသွားပြီ
မျက်ရည်ချင်းထိရုံနဲ့ မီးထတောက်မဲ့အဖြစ်
အံတင်းတင်းဖိကြိတ်ထားလည်း
..... ။
ကိုယ့်ချွေးနဲ့ ကိုယ်နှုံးချိ
ကိုယ့်သွေးနဲ့ ကိုယ်အဆိပ်သင့်
လေးထမ်းလာတဲ့ မုဆိုးက
သားကောင်ကို နမ်းပြီးသတ်တဲ့ မြင်ကွင်း
ပစ္စုပ္ပာန်နဲ့ ကျောချင်းကပ်ထားပါ
ဒီဘက်ခေတ်မှာ သစ္စာခံတွေရဲ့ ဓါးက ပိုထက်တယ်
ဓါးဆိုတာ ကျောကိုထိုးလည်း
..... ။
သေသွားတဲ့အပင်ကို ရေလောင်းပြီး
မြေသြဇာကို ရင်ဘတ်ထဲအပြည့်ထည့်ထားပါ
လမ်းမပေါ်မှာ ယမ်းမှုန့်တွေခင်းထား
မီးပွားလေးတစ်ချက်လောက်ကျတာနဲ့
..... ။
မစ္စ ဖရီဂျန်ထရီ
စီးကရက်ချင်း မီးကူးသင့်ပြီ
နှုတ်ခမ်းချင်း နမ်းသင့်ပြီ
တစ်ယောက်ခွက် တစ်ယောက်ထိခတ်
ခန္ဓာကိုယ်ရဲ့ အနားသတ်မှာ
ဗီသိုဘင်တေးသွားများထည့်လိုက်ပြီ
ဟုတ်ကဲ့ ။ ဘဝဟာ ရေတိုစီမံကိန်းတစ်ခုပါ
ဟုတ်ကဲ့ ။ ဘဝဟာ ဆယ်ပြားစေ့ထောင့်ချိုးလေးပါ
ဟုတ်ကဲ့ ..... ။
နွေစကူး
Monday, 3 February 2014
၂၀၁၅
"" ၂၀၁၅ "" အရှိန်ကောင်းဆို ဖွင့်ထားတဲ့ရွက်မှာ လေတွေကအင်ပြည့်အားပြည့် တိုးဝင်မောင်းနှင်လို့ ဘာပဲဖြစ်ဖြစ်ခရီးကနှင်နေပြီ တစ်ယောက်ကိုတစ်ယောက် တစ်ဖွဲ့ကိုတစ်ဖွဲ့ တစ်အုပ်စုကိုတစ်အုပ်စု တစ်ဖက်နှင့်တစ်ဖက် သံသယတွေနဲ့စောင့်ကြည့် မလုံခြုံမှုတွေခြုံရင်း ဘာပဲဖြစ်ဖြစ်ခရီးကနှင်နေပြီ တစ်စုံတစ်ခုကိုယုံယုံကြည်ကြည်မျှော်လင့် အားကိုးတကြီးဖက်တွယ်ထားသူများ ဆုတောင်းတိုင်တည်စောင့်ကြိုနေသူများ ကိုယ့်ထိုင်ခုံစောင့်နေရာပျောက်မှာကြောက်နေသူများ တွန်းတိုက်တိုးဝှေ့နေရာလုနေသူများ တစ်ရက်လောက်ဥပုပ်စောင့်သီလမြဲသယောင် အယောင်ဆောင်ကဇော်သမားများ အာပေါင်အာရင်းသန်သန်အပြောအဟောကောင်း လက်ချည်းဗလာပေါချာချာများ ရှေ့နောက်လက်ညှိုးထိုးအပြစ်တင် စင်မြင့်တက်ရန်ကြံကြသူများနဲ့ စည်စည်ကားကားရွက်လွှင့် ဘာပဲဖြစ်ဖြစ်ခရီးကနှင်နေပြီ။ ၂၀၁၅ဟာ သံသယအစိုင်အခဲကြီး ၂၀၁၅ဟာ မရေရာမသေချာမှု ၂၀၁၅ဟာ အနင်းခံတွေကို ဆက်နင်းဖို့လား မြှင့်တင်ဖို့လား ၂၀၁၅ဟာ စစ်ပွဲလား ငြိမ်းချမ်းရေးလား ၂၀၁၅ဟာ ပြည်သူတွေအတွက် ကြမ္မာအပြောင်းအလဲလား ၂၀၁၅ဟာ ထူးမခြားနား အာဏာရှင်အထည်ကြီးပျက်တွေ အတွက်ပဲလား ၂၀၁၅ဟာ ဘာလဲ ? လူမျိုးရေးနဲ့ စီးပွါးရေး အဓိကရုဏ်းနဲ့ စစ်ပွဲများ သန်း ၆၀ ကျော်ရဲ့ ကံကြမ္မာ ... ဒီမှာ ၂၀၁၅ ခင်ဗျားဟာ သမိုင်းရဲ့ စာမျက်နှာသစ် ဖြစ်မလား ထပ်ပြီး ညစ် မလား သစ်တွေရောင်းတယ် တောတွေရောင်းတယ် တောင်တွေရောင်းတယ် ဂက်စ်တွေရောင်းတယ် သုံးမကုန်လို့တဲ့လျှပ်စစ်လည်းပြည်ပရောင်းတယ် နောက်ဆုံး တစ်နိုင်ငံလုံးရဲ့အသက်ဓါတ်နဲ့ စီးဆင်းနေတဲ့မြစ်ဧရာတာင် ခွေးဦးနှောက်နဲ့တွက်ချက်ရောင်းတယ် နောက်ထပ်ရောင်းစရာမရှိရင် ၂၀၁၅မတိုင်ခင်လူတွေပါထုတ်ရောင်းဦးမယ် နို့သောက်ပါ ထမင်းတစ်နပ်လျှော့စားပါ ကြီးပွားတိုးတက်ရေးဆုံးမစာနီတိတွေဟာ ၂၀၁၅အသွားလမ်းမှာပလူပျံလို့။
ကဗျာ မျှော့ကြိုး စုစည်းမှု
နတ်ဆိုး သူရ (စလင်း)
ဟုတ်ကဲ့ - ဘုရားဟောမယ့်တရားနဲ့ ကျွတ်တမ်းဝင်ဖို့ထက် ကမ္ဘာမြေအတွက် ကျုပ်အရိုးတွေ မြေဆွေးဖြစ်ချင်တယ်
နာကျင်တယ် ငိုကြွေးတယ် မျက်ရည်ကျတယ် တဆင့်ချင်း လူသားဆန်ဖို့ လုပ်ထုံးလုပ်နည်း ပုံစံခွက်အဟောင်းပဲ ။ တစ်ယောက်ကို တစ်ယောက် စောက်ရမ်းချစ်တယ် * ဟုတ်ကဲ့ အဲ့ဒါ အကောင်းဆုံးဟာသပါပဲ ။ ဘုရားသခင်ဟာ ခင်ဗျားရဲ့ အသိဥာဏ်ကို မုဒိန်းကျင့်သွားပြီ ။ ဆန့်ကျင်ဘက်လိင်နဲ့ သွေးသားအပြန်အလှန်လှုံ့ဆော်ခြင်းဟာ လိင်တူဆက်ဆံခြင်းထက် မြင့်မြတ်ပါတယ် ။ I am God !! ဒီလိုစကားကို ပြောဖို့ မိုးကြိုးအကြိမ်ကြိမ် အပစ်ခံဖူးတယ် ။ Social wesite ပေါ်က သစ္စာတရားတွေ လူအဖွဲ့အစည်းကြားက ကတိစကားတွေ အားလုံးဟာ ရာသီသွေး ပေစွန်းထားတဲ့ အမျိုးသမီးအတွင်းခံလိုပဲ ။ ရွံစရာပါပေါ့ ။ တစ်ယောက်ကို တစ်ယောက် ပရိယာယ်တွေနဲ့ ပစ်ခတ် ။ အာဏာမုန်ယိုမှု ၊ ငွေကြေး ၊ ဂုဏ်ဒြပ် စတဲ့အာသာငမ်းငမ်းဖြစ်ဖြစ်မှု လူသားဆန်ဆန် ဆက်လက်ရူးသွပ်ပေးကြပါ ။ သူယုတ်မာတွေမရှိဘဲ ကမ္ဘာကြီးဟာ ရေရှည်မရပ်တည်နိုင်ပါဘူး ။ ဘုရားသခင်ဟာ သူ့ဖခင်ရဲ့ ဒုတိယဇနီးကို ပြစ်မှားဖူးလား ဒါမှမဟုတ် သူ့ရဲ့ ဇနီးလောင်းကို Living together နေဖို့ စည်းရုံးဖူးလား ။ လူသားမဆန်မှုတွေပဲ တွေ့ရ ။ လက်ရှိ လူ့အဖွဲ့အစည်းဟာ လူ့အဖွဲ့အစည်းရဲ့ ပြင်ပကို ရောက်နေပြီ ။ နာမည်ကြီး ပွန်းဆိုဒ်တစ်ခုမှာ seen by 50 millions အထိ ရှိနေခြင်း ၊ google ရဲ့ Search engine ဟာ တစ်နေကုန် Porn blog တွေ ရှာဖွေနေရခြင်း ၊ ဟုတ်ကဲ့ လူသားအားလုံးဟာ လူသားဆန်တတ်ပါတယ် ။ တစ်ချို့က ပေတံတစ်ချောင်းကို နှစ်ခါခွဲတိုင်းတယ် တစ်ချို့က စည်းမျဉ်းဘောင်လေးအပေါ် ကပ်လျက် လမ်းလျှောက်တယ် ။ သူတော်စင်တွေ ၊ လူယုတ်မာတွေ ၊ သူဌေးတွေ ၊ လူငမွဲတွေ ၊ အာဏာရှင်တွေ ၊ အပြစ်သားတွေ ၊ အဆိုတော်တွေ ၊ ကဗျာဆရာတွေ စတဲ့ စိတ်ဝေဒနာတွေကို ကျုပ်တို့မွေးမြူကြ ။ ငရဲနဲ့ လူဘုံကို အတက်အဆင်း ခလုပ်မောင်းလေးထဲထည့်ပြီး ပစ်ခတ် ။ ဟုတ်ကဲ့ သေသွားရင် အေးတာပဲ ။ ကိုယ့်စိတ်ရဲ့ ဦးတည်ချက်ဟာ သူတစ်ပါးအပေါ် ထိခိုက်စေမယ်ဆိုရင် ရွံ့စရာပဲ ။ အနီးကပ်ဆုံး facebook ပေါ်မှာ ဒီလို စောက်ရူးတွေ ပေါတယ် ။ နိုင်ငံရေးသမားတွေ ဘာသာရေးသမားတွေ အဆိုတော်တွေ သရုပ်ဆောင်တွေ ကဗျာဆရာတွေ ဘောရူးတွေ ဆိုရှယ်နက်ဝက်ပေါ်မှာ တတိယကမ္ဘာစစ်အတွက် အစပျိုးနေကြပုံ ။ Social network @ nuclear 21 Century .bomb/ ကွန်ယက်တစ်ခုကနေ ဖိုက်ဘာဆက်ကြောင်းတွေကြား စိတ်ခံစားချက်တစ်ချက်ပြောင်းတာနဲ့ အသေးဆုံး အက်တမ်တွေ ထ ပေါက်ကွဲလိမ့်မယ် ။ သေခြင်းတရားအတွက် ဘုရားသခင်တွေ ထ လာမယ် ။ နောက်တစ်ကြိမ် တရားတွေ ထပ်ဟောမယ် ။ ခင်ဗျားတို့ ကျုပ်တို့ရဲ့ အကုသိုလ် အစိုင်အခဲဟာ သူတို့ကို ဘုရားဖြစ်ဖို့ အားပေးလိုက်သလိုပါပဲ ။ ဟုတ်ကဲ့ ဘုရားဟောတဲ့ တရားနဲ့ ကျွတ်တမ်းဝင်ဖို့ထက် ကမ္ဘာမြေအတွက် ကျုပ်အရိုးတွေ မြေဆွေး ဖြစ်စေချင်ပါတယ် ။
နွေစကူး
Friday, 31 January 2014
စိတ်အပျက်အစီးများ ပုံတူမျိုးပွားခြင်း
နေ့နဲ့မဆိုင်လို့ညဝတ်ရုံကို အသာတကြည်ခြုံလိုက်တော့
တစ်မိုးလုံးက ကိုယ့်အတွက်ဖြစ်နိုင်ခဲတယ်
အများပြော စကားတွေ နဲ့ အပြောများပါ များတော့
အသောစကားတွေသာ အမောဆို့ပေါ့
ခြကိုက်ခံထားရတဲ့ ဘဝကိုဖုန်သုတ်လို့
ပလက်ဖောင်းမှာ ဖြန့်ခင်းချခင်း လေလံ စနစ်အသစ်နဲ့
လျော့ဈေး ပေါ့ဈေး ရှိတယ် ရှိမယ် လာသာလာထား ပျံကျဈေးတန်းလို
' ပွဲစားမလို ကိုယ်တိုင်ဆက်သွယ်ပါ'
အချောင်နဲ့အလစ် ကို တော့ လျိုဝှက်တဲ့အိနြေ္ဒ
လုံခြုံရေး ကင်မရာ မျက်ပြူးစနစ် သံသယတွေ ပန်းလို ပွင့်တယ်
အုတ်တစ်ချပ်ဆိုမှ သဲတစ်ပွင့်လောက်တော့ ပါနိုင် အားခဲ
ဒီမယ် ဗျာ
စိတ်အတင်အချ ဆိုတာကို သဘောင်္ဆိပ်မှာ တာလီ ပေးပြီး
ကုန်တင်ကုန်ချ အကွက်အကွင်းလို မှတ်ဖို့ မရှင်းဘူး
အငိုလွယ် အရှိုက်ခက်
တစ်ခေတ်တစ်ခါကပေါ့
အလျှော့အတင်း ကို ပဲ အတင်းလျှော့ထားလိုက်လို့
ကိစ္စ ပြတ်ဖူးတယ် မယုံရင် ပုံပြင်သာမှတ်။
ဒါကတစ်ဖက်နေ ဝါဒနဲ့ အတွေး
သုံးစွဲထားတာများတော့ နည်းနည့်းဆွေးနေရော့မယ်။
မဖြစ်မနေ နဲ့ ဖြစ်နေနေ လျှောက်လမ်းမများက များများ
ခြေထောက်တွေ တစ်ခါတည်းနဲ့ လိုရာကို မကားနိုင်ဘူး။
ခုမှာတော့အလင်းမရှိတဲ့ရပ်ဝန်းမှာ လမင်းကိုပုံဖမ်းပြီး
စိတ်မှန်းနဲ့ဆွဲနေရတာပဲကြည့်
လက်ကုန်ခက်တဲ့ကြားမှာ အခက်ကုန်လက်နေတာကိုက
စိတ်ပျက်ဖွယ် သာသာ။
လင်္ကာ အတ္တ
Wednesday, 29 January 2014
အိုးစည်ဒိုးပတ်
အိုး စည် ဒိုး ပတ်
လက်နှစ်ဘက်လေဖြန့်လို့
တောင်းခံမိတာပါ....
လောဘကြီးတယ်လို့မပြောပါနဲ့
ငါကအတ္တ နည်းနည်းပဲရှိတာပါ
သံယောဇဉ် တွေကစေခိုင်လို့
လက်ကျန်အင်အားလေနဲ့လိုက်ရှာတာပါ
နင်ကတော့ ပြုံးပျော်နေတဲ့မျက်နာနဲ့
လူတွေအရမ်းရှုပ်တဲ့ လှည်းတန်းမှာ
စိန်ပြေးတိုင်တွေဆော့နေလေရဲ့
ငါမသိခဲ့တာအမှန်ပါ ....
လေပူ တချက်မှုတ်ထုတ်
ငါ့အိမ်ပြန်ချိန်မှာ ငါတစ်ယောက်ထဲရယ်
နင်မတရာခဲ့တဲ့အချိန်မှာတောင်
ပိုပြီးချစ်နေတတ်တယ် ....
မေ့လို့မှ မရတာ
သံယောဇဉ်ကို ဖြတ်လို့မှ မရတာ
ဆိုင်းဝိုင်းတီပြီး ပျော်ပျော်ကြီး
ဆက်ဆော့ကြတာပေါ့ မတင်ရွှေ.....
အိုးစည်ဒိုးပတ် .......
အိုးစည်ဒိုးပတ် ....... ။ ။
ပေတလူ
လက်နှစ်ဘက်လေဖြန့်လို့
တောင်းခံမိတာပါ....
လောဘကြီးတယ်လို့မပြောပါနဲ့
ငါကအတ္တ နည်းနည်းပဲရှိတာပါ
သံယောဇဉ် တွေကစေခိုင်လို့
လက်ကျန်အင်အားလေနဲ့လိုက်ရှာတာပါ
နင်ကတော့ ပြုံးပျော်နေတဲ့မျက်နာနဲ့
လူတွေအရမ်းရှုပ်တဲ့ လှည်းတန်းမှာ
စိန်ပြေးတိုင်တွေဆော့နေလေရဲ့
ငါမသိခဲ့တာအမှန်ပါ ....
လေပူ တချက်မှုတ်ထုတ်
ငါ့အိမ်ပြန်ချိန်မှာ ငါတစ်ယောက်ထဲရယ်
နင်မတရာခဲ့တဲ့အချိန်မှာတောင်
ပိုပြီးချစ်နေတတ်တယ် ....
မေ့လို့မှ မရတာ
သံယောဇဉ်ကို ဖြတ်လို့မှ မရတာ
ဆိုင်းဝိုင်းတီပြီး ပျော်ပျော်ကြီး
ဆက်ဆော့ကြတာပေါ့ မတင်ရွှေ.....
အိုးစည်ဒိုးပတ် .......
အိုးစည်ဒိုးပတ် ....... ။ ။
ပေတလူ
အလွမ်းဆီးနှင်းများ တဖြိုင်ဖြိုင်ကျနေသော ချစ်သူဝေးရာသီ
***အလွမ်းဆီးနှင်းများတဖြိုင်ဖြိုင်ကျနေသောချစ်သူဝေးရာသီ***
♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥
မနက်စောစောအပြင်ထွက်တဲ့အခါ
နှင်းရည်စိုလဲ့လဲ့အမှုံအမွှားများဟာ
မျက်တောင်ဖျားဆီမှာ
အနွေးဦးထုတ်အပေါ်ယံဖျားမှာ
အလိုတူတူမတူတူ
အလိုအလျောက်လာရောက်ဖက်တွယ်ထားကြတော့တာပါပဲ
ဟောဒီ•••နှင်းရည်နှင်းစက်တွေဟာ
သူ့ကိုချစ်နေတဲ့ခံစားချက်များလို
ကိုယ့်ကိုကြည်နူးစေတယ်
ပြီးတော့ အလွမ်းများလို
ချမ်းတုန်စေတယ်။
အေးစက်နေတဲ့မြို့ကလေးမှာ
ကိုယ့်နှလုံးသားလေးလည်းအေးစက်
ချစ်သူအဝေးမှာနေရသူတိုင်း
အပြုံးတွေအမြဲနွေးနေတယ်ဆိုတာ
ဘယ်ရှိပါ့မလဲကွယ်။
"အရိပ်လိုချင်နေပူကစောင့်"တဲ့
ရန်ကုန်မြို့နေပူကြီးထဲမှာ
မနားတမ်းပြေးရင်းလွှားရင်း
အချစ်မှာမလိုပါဘူးဆိုတဲ့ပကာသနများကို
ဦးထိတ်ပန်ဆင်ဖို့ နှလုံးခုန်နှုန်းကိုလျစ်လျှူရှု
သူက•••နေပူကြီးထဲမှာပြေးတယ်
ပုဝါပါးစွန်းမှာကိုလည်းမစိုးထိတ်
တစ်ရွာသားစိတ်ပြောင်းမှာကိုလည်းသွေးမထိတ်ဘဲ
အချစ်တစ်ခုကိုယုံယုံကြည်ကြည်နဲ့
ကိုယ်က•••နေရိပ်ထဲကသူ့ကိုစောင့်တယ်။
လိမ္မော်သီး စားပြီးတဲ့အခါအခွံတွေလွှတ်မပစ်ဘဲ
နေလှန်းထားလိုက်သလိုမျိုး
ဆုံတွေ့ချိန်ခဏရဲ့ချိုမြမှုများမှကွာကျလာတဲ့
အချစ်မိနစ် အချစ်စက္ကန့်များကို
ရင်ငွေ့နွေးနွေးအောက်မှာသိမ်းဆည်း
လိမ္မော်ခွံကိုလူသုံးကုန်အဖြစ်ပြန်လည်အသုံးပြုသလို
အလွမ်းပြဇာတ်တိုလေးများအဖြစ်ဖုန်းထဲကနေထုတ်လွှင့်ကြတယ်။
ပခုံးချင်းမှီထားမယ်
လက်ချင်းချိတ်ထားမယ်
နန်းမြို့ရိုးကြီးကိုအတူတူငေးမယ်
ပြီးတော့•••
တစ်ယောက်မျက်ဝန်းကိုတစ်ယောက်ပြန်လည်ငေးကြမယ်
ု
ဝေးနေရတဲ့အချိန်တွေတိုင်းမှာ
စိတ်ကူးနဲ့အကြိမ်ကြိမ်ရူး
အခိုက်အတန့်ကာလလေးကိုမကြာခဏတွေး
"ငရုပ်သီးလျော့စားပါ"ဆိုတဲ့သူ့စကားကို
အကြိမ်ကြိမ်ကြားယောင်ပြီးအကြိမ်ကြိမ်ဖောက်ဖျက်
ကိုယ်ဟာ သူ့စကားကိုနားမထောင်တဲ့
သူ့ညီမဆိုးလေးတစ်ယောက်လည်းဖြစ်တယ်
သူ့ညီမဆိုးလေးကိုယ်က
ဝမ်းနည်းလို့ကျလာတဲ့မျက်ရည်ကို
ငရုတ်သီးစပ်လို့ကျလာတဲ့မျက်ရည်နဲ့ရောတတ်သေးပါရဲ့
ခွဲခွာရမယ့်အချိန်နီးလေ
ပြည်ကြီးမျက်ရှင်ကားဂိတ်ကိုသွားရမယ့်အချိန်နီးလေ
စကားသံတွေတုန်ခါလာတတ်သလို
မျက်ဝန်းတွေဆီမှာ အရည်တွေပိုလဲ့လာတတ်တယ်
ဒါတွေဟာ
တိုင်ပင်မထားဘဲ ကိုယ်တို့နှစ်ယောက်
ပြုမြဲပြုနေကြတဲ့အပြုအမူတွေပေါ့
မခွဲချင်လည်း ခွဲနေရအုံးမယ်
မလွမ်းချင်လည်း အလွမ်းကာလတွေ
ရှည်ကြာနေရအုံးမယ်
ဖုန်းထဲမှာအသံချင်းနီးသွားရတဲ့နေ့ရက်တွေထက်
တာမွေနဲ့နောင်ချိုကြားကမိုင်တိုင်တွေကိုဆွဲချုံ့ပြီး
မြို့ချင်းနီးသွားမယ့် အနေအထားမျိုးဟာ
ညစဉ်ညတိုင်း မကြာခဏတောင်းနေမိတဲ့
ကိုယ့်ရဲ့ဆုတောင်းငယ်လေးတစ်ခုရယ်ပါ။ ။
နွေနု(law)
♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥
မနက်စောစောအပြင်ထွက်တဲ့အခါ
နှင်းရည်စိုလဲ့လဲ့အမှုံအမွှားများဟာ
မျက်တောင်ဖျားဆီမှာ
အနွေးဦးထုတ်အပေါ်ယံဖျားမှာ
အလိုတူတူမတူတူ
အလိုအလျောက်လာရောက်ဖက်တွယ်ထားကြတော့တာပါပဲ
ဟောဒီ•••နှင်းရည်နှင်းစက်တွေဟာ
သူ့ကိုချစ်နေတဲ့ခံစားချက်များလို
ကိုယ့်ကိုကြည်နူးစေတယ်
ပြီးတော့ အလွမ်းများလို
ချမ်းတုန်စေတယ်။
အေးစက်နေတဲ့မြို့ကလေးမှာ
ကိုယ့်နှလုံးသားလေးလည်းအေးစက်
ချစ်သူအဝေးမှာနေရသူတိုင်း
အပြုံးတွေအမြဲနွေးနေတယ်ဆိုတာ
ဘယ်ရှိပါ့မလဲကွယ်။
"အရိပ်လိုချင်နေပူကစောင့်"တဲ့
ရန်ကုန်မြို့နေပူကြီးထဲမှာ
မနားတမ်းပြေးရင်းလွှားရင်း
အချစ်မှာမလိုပါဘူးဆိုတဲ့ပကာသနများကို
ဦးထိတ်ပန်ဆင်ဖို့ နှလုံးခုန်နှုန်းကိုလျစ်လျှူရှု
သူက•••နေပူကြီးထဲမှာပြေးတယ်
ပုဝါပါးစွန်းမှာကိုလည်းမစိုးထိတ်
တစ်ရွာသားစိတ်ပြောင်းမှာကိုလည်းသွေးမထိတ်ဘဲ
အချစ်တစ်ခုကိုယုံယုံကြည်ကြည်နဲ့
ကိုယ်က•••နေရိပ်ထဲကသူ့ကိုစောင့်တယ်။
လိမ္မော်သီး စားပြီးတဲ့အခါအခွံတွေလွှတ်မပစ်ဘဲ
နေလှန်းထားလိုက်သလိုမျိုး
ဆုံတွေ့ချိန်ခဏရဲ့ချိုမြမှုများမှကွာကျလာတဲ့
အချစ်မိနစ် အချစ်စက္ကန့်များကို
ရင်ငွေ့နွေးနွေးအောက်မှာသိမ်းဆည်း
လိမ္မော်ခွံကိုလူသုံးကုန်အဖြစ်ပြန်လည်အသုံးပြုသလို
အလွမ်းပြဇာတ်တိုလေးများအဖြစ်ဖုန်းထဲကနေထုတ်လွှင့်ကြတယ်။
ပခုံးချင်းမှီထားမယ်
လက်ချင်းချိတ်ထားမယ်
နန်းမြို့ရိုးကြီးကိုအတူတူငေးမယ်
ပြီးတော့•••
တစ်ယောက်မျက်ဝန်းကိုတစ်ယောက်ပြန်လည်ငေးကြမယ်
ု
ဝေးနေရတဲ့အချိန်တွေတိုင်းမှာ
စိတ်ကူးနဲ့အကြိမ်ကြိမ်ရူး
အခိုက်အတန့်ကာလလေးကိုမကြာခဏတွေး
"ငရုပ်သီးလျော့စားပါ"ဆိုတဲ့သူ့စကားကို
အကြိမ်ကြိမ်ကြားယောင်ပြီးအကြိမ်ကြိမ်ဖောက်ဖျက်
ကိုယ်ဟာ သူ့စကားကိုနားမထောင်တဲ့
သူ့ညီမဆိုးလေးတစ်ယောက်လည်းဖြစ်တယ်
သူ့ညီမဆိုးလေးကိုယ်က
ဝမ်းနည်းလို့ကျလာတဲ့မျက်ရည်ကို
ငရုတ်သီးစပ်လို့ကျလာတဲ့မျက်ရည်နဲ့ရောတတ်သေးပါရဲ့
ခွဲခွာရမယ့်အချိန်နီးလေ
ပြည်ကြီးမျက်ရှင်ကားဂိတ်ကိုသွားရမယ့်အချိန်နီးလေ
စကားသံတွေတုန်ခါလာတတ်သလို
မျက်ဝန်းတွေဆီမှာ အရည်တွေပိုလဲ့လာတတ်တယ်
ဒါတွေဟာ
တိုင်ပင်မထားဘဲ ကိုယ်တို့နှစ်ယောက်
ပြုမြဲပြုနေကြတဲ့အပြုအမူတွေပေါ့
မခွဲချင်လည်း ခွဲနေရအုံးမယ်
မလွမ်းချင်လည်း အလွမ်းကာလတွေ
ရှည်ကြာနေရအုံးမယ်
ဖုန်းထဲမှာအသံချင်းနီးသွားရတဲ့နေ့ရက်တွေထက်
တာမွေနဲ့နောင်ချိုကြားကမိုင်တိုင်တွေကိုဆွဲချုံ့ပြီး
မြို့ချင်းနီးသွားမယ့် အနေအထားမျိုးဟာ
ညစဉ်ညတိုင်း မကြာခဏတောင်းနေမိတဲ့
ကိုယ့်ရဲ့ဆုတောင်းငယ်လေးတစ်ခုရယ်ပါ။ ။
နွေနု(law)
အပိုဆာဒါးတွေဖြတ်ချထားလိုက်တယ်
မီးပုံထဲ ခုန်မဆင်းခင် ကတည်းက
တွင်းကို ကြိုတူးထားပြီးသား
မနက်ခင်းတွေ လွဲပေးရတိုင်း
ညည့်ပိုနက်လာပေါ့
အမှောင်ထဲမှာပျော်သူရဲ့ စုံလုံးကန်းခြင်းမျိုး
အနာဟောင်းကို လျှာနဲ့သပ် အရသာခံတယ်
တစ်သျှူးတစ်စဟာ လမ်းဘေး လုံးထွေးတွန့်ကြေ
ငြမ်းလည်း ပြိုခဲ့ပေါ့
ငါ့ပုခုံးကို နင်းတက်သွားပါ
ငါက ထုသားပေသားကျပြီးသား
အမြင့်ဟာ နင်းတက်သူတွေအတွက် တင့်တယ်
မြေဇာပင်က ကြေမွနေမြဲ
အို
ငါက ထိကရုံးမှ မဟုတ်တာ
ကျွဲပုခုံးပြရင်း မာန်တင်း တက်ခေါက်
အနိမ့်အမြင့် တန်းညှိမရတဲ့ ပထမလှေကားထစ်ပဲ
အသက်ကို ခဲခဲယဉ်းယဉ်း ရှူတယ်
ယဲ့ယဲ့လေးရှင်သန်နေရတဲ့ဘဝ
ရင်တစ်ချက်ခုန်တိုင်း အိပ်ကပ်စမ်းနေရမှတော့
စပျစ်သီးကိုချဉ်တယ်သတ်မှတ်
စွန့်ခွာ ကျောခိုင်း လမ်းတိုင်းဟာ
ခရောင်းတော ထ နေတော့တယ်
သူရ (စလင်း)
အဆင်ပြေသလိုနေထိုင်တတ်ခြင်းဖြင့် ပုံစံခွက်အသစ်ဟာ ဘဝပဲ
လွဲနေစိတ်ကို ချည်နှောင်
ဘဝဟာ အသေပဲမဟုတ်တော့
ကျိုးကျိုးနွံနွံ ရှိလှတဲ့
သံယောဇဉ်တွေနဲ့
ဝတ္တရားကို ဖြန့်ချပြီးမှ
လူဖြစ်လာတာပဲ
နေရတာ တန်ပါတယ် လောက …… ။
ဆောင်းအရေခြုံအိပ်နေတဲ့ ညတွေ ၊ ကြယ်တွေ ၊ အပင်တွေ ၊ ကျေးငှက်တွေ ထိမိတို့မိနိုင်သမျှ အားလုံးဟာ အေးစက် ။ ရာသီဥတွေ ၊ ခေတ်တွေ ၊ နီးနီးကပ်ကပ် ကိုယ့်ရင်ထဲက စိတ်ကအစ ဖောက်ပြန် ။ ဓါးသွားကို မြနေအောင်သွေးပြီး ဓါးအိမ်ထဲထည့်ထားသလိုပေါ့ (ကိုယ်မပါဝင်) လူငယ်တွေအများစုဟာ လှောင်ပိတ် ။ ဘဝဟာ အသေဆိုတာတော့ မဟုတ်လောက်ဘူး ။ ကန်ရေပြင်ကနေ ဖောက်ထွက်မှ စမ်းချောင်းဖြစ်မှာပဲ ။ ဆင်ခြင်တုံတရားလောက်နဲ့တော့ မလုံလောက်ဘူး ။ ချစ်ခြင်းမေတ္တာနဲ့ ဆက်နွယ်သမျှ သံယောဇဉ် လိင် စတဲ့အရာအားလုံးဟာ လူ့ကျင့်ဝတ်ထဲမှာ ပိတ်မိနေခဲ့ ။ ပြောလို့မရတာ စကားလုံးတွေမှ မဟုတ်ဘဲ ၊ အသံထွက်မလာမချင်း စကားပြောခြင်းဟာ အထမမြောက်နိုင်ဘူး ။ အသံမထွက်ဘဲ နေထိုင်မှုနဲ့ အသားကျလာခဲ့သူတွေပဲ ဒီလောကဟာ နေပျော်ပါတယ် ။
မြို့ပြကနေ အူထွက်နေတဲ့
လေထုတွေ
ညစ်ညမ်းမှု ပူလောင်ခြင်း
အသားတံဆိပ် အတုလေးနဲ့
ကောင်းကင်အထိ ထိုးတက်
ငရဲအထိ တိုးဝင်
လူဖြစ်ခြင်း မဖြစ်ခြင်းဟာ
လက်တွေ ခြေတွေ ခေါင်းတွေနဲ့
မဆိုင်တော့ဘူး …… ။
အရိပ်တစ်ခုတောင်းလိုက်တိုင်း အမှောင်ဟာ အမောက်ထောင်လာ ။ အွန်လိုင်းပေါ်ကနေ နိုက်ကလပ်ကနေ ဘားခန်းကနေ အလောင်းကစားရုံတွေကနေ အကောင်းစား ဖက်ရှင်ကျမှုတွေနဲ့ ခေတ်ဟာ သွေးစီးကြောင်းအမှားထဲပျော်ဝင် ။ လူထုရဲ့ ထွက်သက်ကနေ လေထုညစ်ညမ်း သွားသလို လေထုရဲ့ ထွက်သက်မှာ လူတိုင်း ပူလောင်သွားပြီ ။ သံသယတွေကို စိတ်ချလက်ချ မွေးမြူဖို့ အချိန်ပဲ ။ တစ်စုံတစ်ယောက်ကို ထိုးနှက်ဖို့ လက်မောင်းကသွေးကို လုံလုံခြုံခြုံသိမ်းထားရမယ် ။ တော်လှန်ရေးလုပ်မယ့်အချိန်မှာ ငြိမ်းချမ်းရေးဟာ ခလုတ်ကသင်းပဲ ။ အပြစ်ရှိတဲ့လူတွေသေဆုံးဖို့ အပြစ်မဲ့တဲ့လူတွေသေဖို့မလိုဘူး ။ ဓါတုလက်နက်တွေထက် စိတ်ဓါတ်ကို ကျည်ကပ်အပြည့်ဖြည့်ပြီး မောင်းချိန်ထားရမယ် ။ ရန်သူဟာ အဖေဖြစ်နိုင်သလို အစ်ကိုလည်း ဖြစ်နိုင်တယ် ။ ကျုပ်တို့ဟာ ကွန်မြူနစ်မဟုတ်သလို ဆိုရှယ်လစ်လည်း မဟုတ်ဘူး ။ အခုချိန်မှာ ဘုရားသခင်နဲ့ ယဉ်ကျေးမှုကအစ ပစားပေးမရတော့ဘူး ။ အသိဥာဏ်နဲ့ ကိုယ်ချင်းစာတရားဆီကို ဗဟိုပြုတိုက်ခိုက်လာလိမ့်မယ် ။ ခြေတွေ ၊ လက်တွေ ၊ ခေါင်းတွေ ရှိရုံနဲ့တော့ လူဟာ ဖွဲ့စည်းတည်ဆောက်ပုံ မမှန်နိုင်ဘူး ။
ပြောင်းလဲနေတဲ့ သဘာဝတရားကြီးထဲ လူဟာ လူဖြစ်နေသေးဖို့ ဘာတွေကို လျှို့ဝှက်ထားရမှာလဲ ။ ချစ်ခြင်းမေတ္တာလား
ဟင့်အင်း မလုံလောက်နိုင်သေးဘူး ။ ကိုယ်ချင်းစာတရားလား သေချာရဲ့လား...လုံလောက်နိုင်ရဲ့လား မေးတယ် ။
အတ္တ၊ တဏှာ၊ ကာမ ဘယ်အရာဖြစ်မလဲ ။ သေချာတာကတော့ အားလုံးဟာ သူ့နေရာနဲ့သူ တစ်ခုအပေါ် တစ်ခု ထွေးယှက်နေဖို့ လိုအပ်လိမ့်မယ် ။ နေလိုက်ကြရုံပေါ့ ။ နေတတ်သလို နေထိုင်ခြင်းမှလွဲပြီး ဘာကိုရွေးခြယ်ကြရမှာလဲ ။ လေးထောင့်စတုဂံတစ်ခုကို အ၀ိုင်းလုပ်ဖို့ မကြိုးစားသင့်သလို အ၀ိုင်းတစ်ခုကိုလည်း လေးထောင့်ချိုးနေဖို့ လိုဦးမှာလား ။ စတုဂံကို စတုဂံနေရာမှာသုံးပစ်ဖို့နဲ့ အ၀ိုင်းကို အ၀ိုင်းနေရာသုံးတတ်ဖို့ပဲ ။ လိုက်လျောညီထွေ ကူးခတ်နိုင်ရင်ပဲ လူ့အဖြစ် လူလမ်းမှာ ဖြောင့်ဖြောင့်သွားနိုင်မယ် စသဖြင့်ပေါ့ သေချာတဲ့ရွေးချယ်မှုလေးကို အာရုံခံအင်္ဂါမှာ ကပ်ထားဖို့ လိုတယ် ။
ပျော်စရာကြုံရင် ပျော်လိုက်ရုံကလွဲလို့ ၀မ်းနည်းစရာကြုံရင် ၀မ်းနည်းကြလိုက်ရုံပေါ့ ။ မလိုအပ်ဘဲ ဘာတွေကို ဖုံးဖိထားရမှာလဲ ။ စိတ်ကို အပေါ့ဆုံးနေရာအထိ ပစ်လိုက်တယ် ။ ချစ်ချင်ရင် ချစ်လိုက်ရုံကလွဲလို့ မုန်းချင်တော့လည်း မုန်းလိုက်ကြရုံပေါ့ ။ စတုဂံတစ်ခုကို အ၀ိုင်းတစ်ခုထဲ ရိုက်မသွင်းမိမချင်း လူဖြစ်ရတာ နေသာပါတယ် ။ ကျန်းမာရေးချူချာနေလည်း လောကကြီးဟာ အစဉ်သဖြင့်ပေါ့ နေပျော်ပါတယ် .……... ။
ကျော်ထွန်းနိုင် + နွေစကူး
လက်ဖက်ရည်ဆိုင် တော်လှန်ရေး
အာဖဂန် ဘက်မှာပန်းတွေစိုက်မယ်ဗျာ ။
လက်ရာပျက်နေတဲ့ဝိုင်တွေ အီတလီညနေခင်းနဲ့ စိမ်သောက်လိုက်ရအောင် ။
ခေါက်ရိုးကျိုးနေတဲ့ ကချင်ဆေးပေါ့လိပ်ထဲက ယမ်းဆံတွေ ထည့်ပြီး တစ်ဖွာယူရှိုက်မယ် ။
လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ကျုပ်က global လူပျက်တစ်ကောင်ပဲ ။
လက်မနဲ့ ညစ်ထားတဲ့ အိပ်မက်တွေ ဆားထည့်ပြီး မျက်စဉ်းခတ်ပေးပါ ။
ကဗျာဟာ ပန်းနာရင်ကျပ် ဖြစ်နေလို့ ။
ကမ္ဘာကျော် မိုနာလီဇာ ရဲ့ အပြုံးဟာ
မီးခိုးထောင်းထောင်းထနေတယ်..။
လ္ဘက်ရည်လေးတစ်ခွက် အမြန်ချဗျာ ခေတ်ကိုကအချိန်မရလို့ ။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့
အ သုံးလုံးသင်တန်းမှာ ကိုယ်က
မူကြိုအဆင့်ပါ..။
ဖွာနေရင်းဆေးပေါ့လိပ်လေးက အစီခံအပြင် ကိုယ့်လက်ဖျားတွေအထိလောင်ကျွမ်းသွား ။
လောကကြီးမှာမျိုးတုံးပျောက်ကွယ်
တော့မယ့် မျိုးစိတ်တွေရဲ့ စာရင်းမှာ
မေတ္တာတရားနဲ့ကိုယ်ခြင်းစာတရားကို
ထိပ်ဆုံးမှာမှင်နီနဲ့ရေးထားပေးကြပါဦး။
ရေနွေးလေးတစ်အိုးလောက် အမြန်သောက်ပါရစေဦး ပူနွေးမှုကို ကိုယ်အရမ်းသဘောကျတယ် ။
ဟော...ဘရူးတက်စ် တွေ အုံနဲ့ကျင်းနဲ့
ချီလာကြပြီ....... ဘရူနို ကတော့
လက်ဝါးကပ်တိုင်မှာပြုံးလို့...။
ညီလေးရေ....လ္ဘက်ရည်ဖိုးကို ထပ်ပြီး
စာရင်းတို့ထားလိုက်ပါဦးကွာ။
နွေစကူး + ညီညီနို
ထန်းသမားဘဝ
"" ထန်းသမားဘဝ ""
အမြင့်တက်တိုင်း
အမြင့်ကိုရောက်သတဲ့လား။
လေသင့်တိုင်း ယိမ်းထိုးနေတဲ့
ထန်းပင်ထိပ်မှာ
အဖေကထန်းလှီး
မမကမြေအိုးကောက်
ညီမလေးက ထန်းလက်ခြောက်တွေစုလို့။
ညီလေးစာအံသံတွေ
ညံနေတဲ့ထန်းတဲထဲမှာ
အိုးကပ်ထဲကဆန်ကိုခြစ်လို့
အမေကိုဘာကိုတွေးနေမလဲ။
ငုပ်မိသဲတိုင်
တက်နိုင်ဖျားရောက်ဆိုတာထက်
သေချာတာကတော့
မြုပ်နေလို့ ပေါ်မလာနိုင်တဲ့ဘဝတွေ။
သူရ (စလင်း)
ညီမလေးရေးတဲ့ ပုံပြင်
ညီမလေးရေးတဲ့ ပုံပြင်
ဇူလိုင်လဟာ
မပီပြင်တဲ့ မိုးစက်လေးတွေနဲ့ ။
ခေတ်ထဲကို စိမ့်ဝင်လာတဲ့
အလှတရား
ညီမလေးရဲ့ ပါးပြင်မှာရဲသွားပေါ့ ။
မရှက်ပါနဲ့ကွယ် ။
လက်ဖျားလေးကလွဲ(ရင်)
အသိတရားထဲမှာ
ဘယ်အရာက စွဲဆောင်နိုင်မှာလဲ
ကိုယ်က အလှတရားကို
ကြည့်ရင်းပဲ ရူးမယ့်သူပါ ။
ှမဆိုင်ပေမယ့်
သူမ လက်သူကြွယ်က
လက်စွပ်လေးကို မုန်းမိတယ်
စေ့စပ်လက်စွပ် မဖြစ်ပါစေနဲ့ဆိုတဲ့
အတွေးနဲ့ ။
တလှုပ်လှုပ် ခုတ်မောင်းခဲ့တဲ့
ဘတ်စ်ကားကြီးဟာ
အထူး တံဆိပ်ပါရုံကလွဲရင်
ဘယ်နေရာရောက်လဲ
ကိုယ်မသိဘူး ။
သူမဟာ ကိုယ်ရဲ့ မှတ်တိုင်လေးပါ ။
ပြွတ်သိပ်အထိုးခံရတဲ့
စိတ်ကလေး ပိန်လာပြီ
နဖူးက ချွေးစလေးတွေ
သူမ လက်ချောင်းလေးတွေ
ပင်ပန်းနေရှာပေါ့ ။
အမှတ်တမဲ့ ညီမလေးလက်ထဲက
ဆွဲခြင်းလေးကို လှမ်းဆွဲမိ ။
မလန့်ပါနဲ့ကွယ် ။
ကိုယ် ဒီလက်ဖျားလေးကို
အထိခိုက်မခံနိုင်လို့ ။
ထိုင်ခုံလေး လွတ်သွားပြီ
ညီမလေး ထိုင်လိုက်ပြီ
ဆွဲခြင်းလေး ပြန်အပေး
ဟော …… တွေ့ပါပြီ
သူမလက်ဖျားလေး အေးနေတာ
ဆတ်ကနဲ အထိ
သိလိုက်ရပေါ့ ။
အေးခဲမှုဟာ ကူးစက်ပိုးမွှားလိုလား
ကိုယ့်မှာပါ တောင့်ခဲလို့
တစ်ခုပဲ …
စိတ်ကလေးက နွေးလို့ ။
ကျောက်ရုပ်လိုဖြစ်နေတဲ့ ကိုယ်က
အပေါ်က မိုးအကြည့်
သူရဲ့ လည်ဟိုက်အင်္ကျီလေးဟာ
မလုံမလဲ ဖြစ်သွားပုံပဲ ။
မဟုတ်ရပါဘူးကွယ် ။
လက်ချောင်းလေးက လွဲ(ရင်)
အာရုံထဲဝင်လာတာ
ဘယ်လို တဏှာမှမရှိပါဘူး
ဘုရားပေါင်းစုံ စူးပါစေ
ငရဲပေါင်းစုံ ကျပါစေ
စိတ်တစ်ခုလုံးကို ဖုံးထားတာ
ဆေးမဆိုးထားတဲ့ လက်သည်းလေးပါ ။
"ကျောင်းရှေ့ ဆင်းမယ်"
"အင်း ကိုယ်လည်း ဆင်းမယ်"
သူမ ကိုယ့်ကို
တခုတ်တရ ပြောလိုက်တာ
ရင်ထဲ လှိုက်ပြီး ပျော်တယ် ။
ထိုနေ့က
ကော်ဖီဆိုင်ထိုင်
စကားတွေပြော
စိတ်ခြင်း ဖလှယ်
မှတ်မှတ်ရရပါ
သူလက်ချောင်းလေး
မိုးစိုမှာစိုးလို့
ကိုယ်ထီးဆောင်း ပေးလိုက်မိပေါ့ ။
ရမ္မက်တစ်ခုပေါ့
လိပ်ပြာတွေရဲ့ သဘာဝ
သူမ သိမှာပါ
သူမ လက်ချောင်းလေးကို
ဝဲနေမိတဲ့ လိပ်ပြာဟာ
ကိုယ်ပါ …… ညီမလေး ။
"ဘာဖြစ်လို့ သူ့ဆီအမြဲလာတာလဲ" တဲ့
မေးတတ်လိုက်တာကွယ် ။
ကိုယ့်ရင်ထဲမှာ
ပင်လယ်ကဗွီးပင်တွေလို တရှဲရှဲအော်နေတာ*
ချစ်ခြင်းမေတ္တာပါ ညီမလေး ။
မင်းလက်ဖျားလေးနဲ့
သပ်တင်လိုက်တာ
ချစ်ခြင်းမေတ္တာတွေ
နွဲ့ပြီး ပါသွားတယ်လေ ။
မယုံကြည်ဘူးကွယ်
အသက်အရွယ်ဟာ
အာသာဖြေခံစားမှုကို
စလွယ်မသိုင်းတော့ပါဘူး ။
စိတ်ဆာတိုင်း စားမိတဲ့အခါ
ချစ်ခြင်းမေတ္တာဟာ
ပီဇာတစ်ချပ် ဖြစ်နိုင်
ဒိုးနပ်တစ်ခု ဖြစ်နိုင်
ပူတင်းတစ်လုံး ဖြစ်နိုင်
သူမဟာ ကိုယ့်အချစ်ကို
နူးနူးညံ့ညံ့ ကိုက်စားသွားတာ
သိပ်ပျော်တာပဲ ။
ကိုယ်ဟာ
ကယ်လီဖိုးနီးယားကို မသိဘူး
လော့ခ်ျအိန်ဂျလိစ်ကို မသိဘူး
ကပ္ပလီကို မသိဘူး
အယ်အယ်ကူးဂျေကို မသိဘူး
ဒါပေမယ့် ……
ညီမလေးကြိုက်လို့
ဟစ်ဟော့ပ်ကို ကြိုက်ခဲ့တဲ့သူပါ ။
ကိုယ်ဟာ
ဖယ်ရီကားတစ်စီးပါ
ထမင်းချိုင့်လေးတစ်လုံးပါ
ဖဲထီးလေးတစ်လက်ပါ
မွှေးပွရုပ်လေး တစ်ရုပ်ပါ
သူမ လက်ချောင်းလေးနဲ့
ပွတ်သပ်တိုင်း ကိုယ်ဟာ
အာလာဒင် ဖြစ်သွားတဲ့
ပုံပြင်တစ်ပုဒ်ပါ ။
ပျော်ရွှင်မှုနဲ့
ချစ်ခြင်းမေတ္တာဟာ
အငွေ့ပျံ သိပ်လွယ်တာပဲ ။
ကိုယ်ဟာ
ရင်ဘတ်တစ်ခုလုံး
ပေါက်ပြဲတဲ့အထိ
အထိုးခံရပြီးမှ
တယောတစ်လက် ဖြစ်ခဲ့ရသူ ။
ကော်ဖီက ခါးပေမယ့်
ဇိမ်ဆွဲသောက်ချင်လာသူ
ဟော ……
ငပုတ်က လကိုမဖမ်းဘဲ
ကိုယ့်ကို ဖမ်းတော့မယ်
ညီမလေး ။
ကိုယ့်ရဲ့
ယောင်္ကျားတံခွန်ဆိုတဲ့ မာန
ကောင်းကင်က မြင့်လွန်းတော့
ဓူဝံကြယ်လေး ရင်ဝမှာ
ကျကွဲသွားပေါ့ ။
ပြေးထွက်ပါရစေ
ချောင်ပိတ်အရိုက်ခံရပေမယ့်
ကိုယ်ငြိမ်နေရတယ်
မဟောင်ပါဘူး
မကိုက်ပါဘူး ညီမလေး
မင်းနဲ့ ပက်သက်ရင်
ဘယ်အရာမှ သွေးစို့မခံနိုင်ဘူး ။
ပျော်ပါ
ရွှင်ပါ
ကိုယ့် လိပ်ပြာလေး
လုံအောင်ထားပါ့မယ် ။
တစ်ခုပါပဲ ညီမလေး
ဘုရားသခင်ရှေ့မှာ
မင်းလက်ချောင်းလေးတွေ
တခြားလူကို မပေးလိုက်ပါနဲ့
ကိုယ်သေသွားနိုင်လို့ ။
နွေစကူး
ခြုံထည်လောက်အောက်ကိုဝင်ပါ ကော်ဖီခွက်လေး နွေးထားတယ်
ခြုံထည်လေးအောက်ဝင်ပါ ကော်ဖီခွက်လေးနွေးထားတယ်
*********************
ထရီဇာ ……
ကိုယ်ဟာ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ ဝိုင်တစ်ပုလင်းမဟုတ်ဘူး ၊
ကိုယ်ဟာ တိုက်ပွဲဝင်မဲ့ မြင်းတစ်ကောင် မဟုတ်ဘူး ၊
ကိုယ်ဟာ သမိုင်းဝင်ကျောက်စာတစ်ခု မဟုတ်ဘူး ။
လူ ………
…………..
ဟုတ်တယ်
ကိုယ့်ကိုယ်ကို အသွားထက်ထက်တွေ နစ်ဝင်တဲ့အထိ ထွန်ယက်ခဲ့တဲ့ သာမန်လူ ။
ယစ်မူးတယ် ။ သိပ်ကိုနက်နဲတဲ့ အရာတွေထဲမှာ ချစ်ခြင်းမေတ္တာဟာ လျှာနှစ်ခွနဲ့ ။
တရိပ်ရိပ်ခုတ်မောင်းလာတဲ့ ရင်ခုန်သံ ။ အသိအာရုံ အမြှေးပါးလေးဟာ ကိုယ်မသိတဲ့
အခန်းလွတ်ထဲမှာ ဖောက်ခနဲ ပေါက်သွားတာ ။
ကံကြမ္မာဟာ ကိုယ့်ရင်ဝမှာ ပေါက်ကွဲအားကောင်းတဲ့ ဗုံးတစ်လုံးတပ်ဆင် ပေးခဲ့ရုံကလွဲရင် သေစေလိုတဲ့ ဆန္ဒမပါဘူး ။
မင်းဟာ သိပ်ကို လှပတဲ့ ဗုံးတစ်လုံးပေါ့ ထရီဇာ ။
မျက်ဝန်းလား
အကြည့်လား
သွေးသားဆူပွက်စေတဲ့ ကောက်ကြောင်း တစ်ခုခုလား
နှုတ်ခမ်းလား
အနမ်းလား (မဖြစ်နိုင်သေးဘူး)
ကိုယ် မသိဘူး ထရီဇာ ။ မင်းလက်ဖျားလေး မြင်ရုံနဲ့ ရူးသွားတာ ။
ချစ်ခြင်းမေတ္တာဟာ ခန္ဓာဗေဒနဲ့ မဆိုင်တဲ့ စိတ်ဖောက်ပြန်မှုပဲ ။ ဒီလို ကိုယ်ယူဆတယ် ။
နောက်တစ်ခု
ချစ်တတ်သူတိုင်းဟာ စိတ်ကူးယဉ်တတ်သွားတယ် ။ ဝိဥာဉ်ခြင်း လှည့်စား ၊ နာမ်ခြင်း ပူးကပ် ၊
အချစ်ဟာ တတိယကမ္ဘာစစ်အတွက် ချိုးဖြူတစ်ကောင်ပဲ ။
ကော်ဖီခွက်တွေ အကြောင်း
ပန်းသီးတစ်လုံး အကြောင်း
နွေ မိုး ဆောင်းတွေ အကြောင်း တစ်ခုခု ဖြစ်လိမ့်မယ် ဒီ Lane ထဲ မှာ စိတ်ကူးယဉ်မှုတွေ တွဲသွားပေါ့ ထရီဇာ …… ။
နွေစကူး
ကဗျာမျှော့ကြိုး
@@ တို့ စလျှောက်တဲ့ ခြေလှမ်း တို့ဆက်လျှောက်မယ့် တို့စခန်း @@
တို့တစ်တွေက ပုလင်းတူတဲ့ ဗူးဆို့တွေ
စိတ်ချင်း ယက်ထားတဲ့ အိပ်တစ်လုံးထဲက အဆင်
မတည့်အတူ နေခြဲ့က
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လက်တွဲ မဖြုတ်နိုင်သူတွေ
လွတ်လပ်စွာ သဘောထားကွဲတယ်
စေးကပ်စွာ စည်းလုံးခဲ့ကြတယ်
စိတ်ထဲမကြည်တဲ့အခါ စိတ်ဆိုးချင် ဆိုးကြတာပေါ့
သို့ပေမဲ့
တစ်ယောက်ကိုတစ်ယောက်တော့ စိတ်မကောက်ကြဘူး
ဘယ်လိုသဘောထားတွေ ကွဲကြ ကွဲကြ
ကဗျာမြစ်ပြင်ပေါ်ရောက်ရင် တစ်သားထဲလှမ်းတယ်
ကဗျာအရိပ်အောက်မှာဆို တစ်ထပ်ထဲခိုတယ်..။
ဒီကြိုးလေးတွေဟာ
အရောင်အသွေးစုံတယ်
အမှောင်ပါမယ် ၊ အလင်းပါမယ်
အစိမ်း ၊ အနီ ၊ ၀ါ ၊ ပြာ၊ ညို ၊ နက်
အဖြူချည်သက်သက် ကဗျာပေါ်မှာ ဆေးစက်ခြယ်
စိတ်ရင်းနဲ့ ထွန်းတယ်
စိတ်အချင်းချင်း လင်းတယ်
မျှော့ကြိုးလေးတစ်ခုလိုပဲ
အကျယ် အကျဉ်း ကြားမှာ ၀င်ဆံ့နိုင်ခြင်းတွေနဲ့
အလျှော့ အတင်း လျှောက်ခဲ့ကြတယ်
ဒီနေ့ဟာ
ငါတို့တွေရဲ့ ခြေလှမ်း
ငါတို့တွေရဲ့ စခန်းကို
တက်ညီ လက်ညီ လှမ်းဖို့
ငါတို့တွေရဲ့ ပထမခြေလှမ်းပဲ
အားမာန်အပြည့်
ကဗျာမျှော့ကြိုးဆိုတဲ့ စခန်းသာဆီ သို့.........
ရွေ့.....
ရွေ့.....
ရွေ့.....။။။။
ွ
ကျော်ထွန်းနိုင်
တို့တစ်တွေက ပုလင်းတူတဲ့ ဗူးဆို့တွေ
စိတ်ချင်း ယက်ထားတဲ့ အိပ်တစ်လုံးထဲက အဆင်
မတည့်အတူ နေခြဲ့က
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လက်တွဲ မဖြုတ်နိုင်သူတွေ
လွတ်လပ်စွာ သဘောထားကွဲတယ်
စေးကပ်စွာ စည်းလုံးခဲ့ကြတယ်
စိတ်ထဲမကြည်တဲ့အခါ စိတ်ဆိုးချင် ဆိုးကြတာပေါ့
သို့ပေမဲ့
တစ်ယောက်ကိုတစ်ယောက်တော့ စိတ်မကောက်ကြဘူး
ဘယ်လိုသဘောထားတွေ ကွဲကြ ကွဲကြ
ကဗျာမြစ်ပြင်ပေါ်ရောက်ရင် တစ်သားထဲလှမ်းတယ်
ကဗျာအရိပ်အောက်မှာဆို တစ်ထပ်ထဲခိုတယ်..။
ဒီကြိုးလေးတွေဟာ
အရောင်အသွေးစုံတယ်
အမှောင်ပါမယ် ၊ အလင်းပါမယ်
အစိမ်း ၊ အနီ ၊ ၀ါ ၊ ပြာ၊ ညို ၊ နက်
အဖြူချည်သက်သက် ကဗျာပေါ်မှာ ဆေးစက်ခြယ်
စိတ်ရင်းနဲ့ ထွန်းတယ်
စိတ်အချင်းချင်း လင်းတယ်
မျှော့ကြိုးလေးတစ်ခုလိုပဲ
အကျယ် အကျဉ်း ကြားမှာ ၀င်ဆံ့နိုင်ခြင်းတွေနဲ့
အလျှော့ အတင်း လျှောက်ခဲ့ကြတယ်
ဒီနေ့ဟာ
ငါတို့တွေရဲ့ ခြေလှမ်း
ငါတို့တွေရဲ့ စခန်းကို
တက်ညီ လက်ညီ လှမ်းဖို့
ငါတို့တွေရဲ့ ပထမခြေလှမ်းပဲ
အားမာန်အပြည့်
ကဗျာမျှော့ကြိုးဆိုတဲ့ စခန်းသာဆီ သို့.........
ရွေ့.....
ရွေ့.....
ရွေ့.....။။။။
ွ
ကျော်ထွန်းနိုင်
ဒိုင်ယာရီ
မခင်ကျော့ကျော့ခိုင် ...
ပူလောင်နေတဲ့ ညကိုဆာတယ်ဗျာ
အခိုးဝေနေတဲ့ ကော်ဖီခွက်ကိုဆာတယ်ဗျာ
အလျှံညီးနေတဲ့ မီးလင်းဖိုကိုဆာတယ်ဗျာ
ကျုပ်ခင်ဗျားကို ဆာတယ်
မခင်ကျော့ကျော့ခိုင် ... ။
အိမ်ခေါင်မိုးကြားက ယိုစိမ့်ကျတဲ့
လရောင်ဟာ ခင်ဗျားပေါ့
ကျုပ်ဆုတောင်းသံပြည့်အောင်
မနေနိုင်မထိုင်နိုင် ခုန်ဆင်းလာတဲ့
ဓူဝံကြယ်ဟာ ခင်ဗျားပေါ့
ကျုပ်ကို ကိုင်လှုပ်ပေးပါ
ကျုပ်ဟာ ပက်စီပုလင်းတစ်လုံးပါ
ကျုပ်ဟာ ဘီယာပုလင်းတစ်လုံးပါ
မမြိုနိုင် မသိပ်နိုင်
ကျုပ်ရင်ဘတ်ကြားက ထွက်လာသမျှ
အမြုပ်တစီစီဟာ ခင်ဗျားပေါ့ ... ။
အရက်ပုလင်းခွံတွေထဲမှာ
စီးကရက်ဘူးခွံတွေထဲမှာ
ကွမ်းယာအိတ်တွေထဲမှာ
ခင်ဗျားရင်ခွင်ထဲမှာ
ကျုပ်ဟာ အဆိပ်ကို အနွေးထည်လုပ်ဝတ်ခဲ့သူပါ
မခင်ကျော့ကျော့ခိုင် ... ။
ဆောင်းခိုနေသမျှ
ကမ္ဘာတစ်ခြမ်းဟာ အေးခဲ
မြို့ပြတစ်ခုလုံး အေးခဲ
တစ်အိမ်လုံးအေးခဲ နေပါစေ
ခင်ဗျားရှိတဲ့အခန်းလေးက နွေးဆဲပဲဗျ
မခင်ကျော့ကျော့ခိုင်ရဲ့ ။
တောင့်တ ခင်ဗျားအပြုံးလေး
တောင့်တ ခင်ဗျားနှုတ်ခမ်းလေး
တောင့်တ ခင်ဗျားပေးတဲ့ ညတာတိုတိုလေး
မိသားစုလေးတစ်ခုစာ
လူအဖွဲ့အစည်းတစ်ခုစာ
ကျုပ်တို့နှစ်ယောက်ကို
'ဖေဖေကြီး' 'မေမေကြီး' လို့ခေါ်မယ့်
ချာတိတ်ပေါက်စလေးတွေက အစ
ကျုပ်တို့သွေးသားနဲ့ ရင်းနှီးတည်ဆောက်ကြပါစို့
မခင်ကျော့ကျော့ခိုင် ။
New York ဟာမြို့ပြတစ်ခုဖြစ်ကြောင်း
ဟစ်တလာဟာ စစ်မုဆိုးဖြစ်ကြောင်း
ဧဒင်ဟာ ဥယျာဉ်တစ်ခုဖြစ်ကြောင်း
ကျုပ်တို့ မသိခဲ့သမျှ
ကျုပ်တို့ရဲ့ သားနဲ့သမီးတွေကိုပြောပြမယ်
ကုန်ဈေးနှုန်းတွေ တက်တဲ့ကိစ္စ
စီးပွားပျက်ကပ်ဆိုက်တဲ့ကိစ္စ
ထမင်းကြော်တစ်ပွဲကို နှစ်ယောက်လုစားခဲ့တဲ့ကိစ္စ
ကျုပ်တို့ သိခဲ့သမျှ
သူတို့လေးတွေ မသိရအောင်
ထိန်းသိမ်းထားကြပါစို့
မခင်ကျော့ကျော့ခိုင် ။
ဒီလိုပေါ့ မခင်ကျော့ကျော့ခိုင်ရေ
ကျုပ်တို့အရေပြားလေးတွေ တွန့်လာတဲ့အထိ
ကျုပ်တို့အရိုးအကြောတွေ တုံ့ဆိုင်းလာတဲ့အထိ
ကျုပ်တို့နှစ်ယောက်
မိုက်မိုက်မဲမဲ ကိစ္စလေးတွေကို
သေသေချာချာ ဆင်ခြင်ပြီးမှ
တိတိကျကျ ဆက်မှားကြတာပေါ့
မခင်ကျော့ကျော့ခိုင်ရေ ..... ။ ။
နွေစကူး
ခြောက်ပစ်ကင်းဖို့ မလိုပါဘူး စေတနာလေးသာ လျှော်ဖွတ်ခဲ့ပါ
ခြောက်ပြစ်ကင်းနေဖို့ မလိုပါဘူး စေတနာတရားလေးတော့ လျှော်ဖွတ်ခဲ့ပါ
=============[============
တရားမျှတမှုလား
မတရား မမျှတမှုလားဆိုတာ
ရှေ့တမ်းတင်ပြီး စဉ်းစားဖို့ မေ့လျော့လိုက်တဲ့အခါ
အတ္တတွေက ပန်းခင်းကြီးလို
သာယာသွားစေတယ်...။
တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ
သိက္ခာတရားတွေ မာကျောနိုင်ဦးမလား……
ပွင့်ပွင့်လင်းလင်းဝန်ခံရရင်
သံသယဖြစ်စရာပဲ..။
အမှောင်ကကြီးဆိုးနေတဲ့
ခောတ်ပျက်ကြီးထဲမှာ
ပိုးစုံးကြူးလောက် အလင်းလေးဟာ
ကိုယ်တို့အတွက် မျှော်လင်ချက်ပဲပေါ့...
ပိုးစုံးကြူးလောက် စိတ်အလင်းဖြူဖြူလေးရှိရင်ကိုပဲ
အားလုံးက ဦးညွှတ်ဖို့အသင့်ပေါ့...။
ကဲပြော
ခင်ဗျား အာမခံနိုင်မယ်ဆိုရင်
လင်းပြလိုက်ပါ....။
ကျော်ထွန်းနိုင်
=============[============
တရားမျှတမှုလား
မတရား မမျှတမှုလားဆိုတာ
ရှေ့တမ်းတင်ပြီး စဉ်းစားဖို့ မေ့လျော့လိုက်တဲ့အခါ
အတ္တတွေက ပန်းခင်းကြီးလို
သာယာသွားစေတယ်...။
တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ
သိက္ခာတရားတွေ မာကျောနိုင်ဦးမလား……
ပွင့်ပွင့်လင်းလင်းဝန်ခံရရင်
သံသယဖြစ်စရာပဲ..။
အမှောင်ကကြီးဆိုးနေတဲ့
ခောတ်ပျက်ကြီးထဲမှာ
ပိုးစုံးကြူးလောက် အလင်းလေးဟာ
ကိုယ်တို့အတွက် မျှော်လင်ချက်ပဲပေါ့...
ပိုးစုံးကြူးလောက် စိတ်အလင်းဖြူဖြူလေးရှိရင်ကိုပဲ
အားလုံးက ဦးညွှတ်ဖို့အသင့်ပေါ့...။
ကဲပြော
ခင်ဗျား အာမခံနိုင်မယ်ဆိုရင်
လင်းပြလိုက်ပါ....။
ကျော်ထွန်းနိုင်
ရနံ့
ချွေးနံ့တစ်ခု ။
မွှေးပျံ့နေခြင်းဖြင့်
ညှီစို့စို့ဆိုးဝါးစွာဖြင့်
မသေချာဘူး
ရနံ့တစ်ခုရဲ့ဘာသာဗေဒ
သိပ်တော့နားမလည်
ဒါပေမယ့် ....
လိုအပ်တယ် ။
ကိုယ်တောင့်တမိတဲ့ ချွေးနံ့
ဘယ်နားကထွက်လာသလဲ
မိန်းမတစ်ယောက်ဆီကလား
ယောင်္ကျားတစ်ယောက်ဆီကလား
မတိကျ ..... မသေချာ ။
ဘယ်ကလဲ
ထပ်တလဲလဲပဲ မေးတယ်
သနပ်ခါးလိမ်းထားတဲ့ ပါးပြင်ကလား
ဆိုးဆေးမထိထားတဲ့ နှုတ်ခမ်းကလား
ကိုယ်မမြင်ဖူးတဲ့ ရင်သားပေါ်ကလား
ဒါမှမဟုတ်
ဟိုးးး
အတွင်းတစ်နေရာရာကလား
အတိအကျတော့ မဟုတ်ဘူး
ဒါပေမယ့်
ဒီချွေးနံ့လေးကို တယုတယတောင့်တ
ကိုယ်ဟာကြောင်တစ်ကောင်လို
ရှာတယ်
ခွေးတစ်ကောင်လို အနံ့ခံကြည့်တယ်
နဖူးပြင်က ဆံနွယ်စတွေကနေ
ခြေမပေါ်ကျသွားတဲ့ ချွေးစလေးတွေအထိ
တယုတယလိုက်နမ်းမိ ။
လိပ်ပြာမလုံတဲ့ အကြည့်တွေ
သံသယအနံ့တွေနဲ့
တယူသန်ရူးသွပ်မှုတွေဟာ
အာရုံကြောဆီ အလျားထိုး ဝင်ရောက်
သူမနဲ့ ကိုယ့်ကြားမှာ
သွေးသားတော်စပ်မှု ရှိကောင်းရှိမယ်
ဒါပေမယ့်
ဒီချွေးနံ့ကို တစ်ကမ္ဘာလုံးက
မိန်းမတိုင်း မပိုင်ဆိုင်နိုင်လောက်ဘူး
ဘာလုပ်ပစ်ရမလဲ
ကိုယ့်ကိုယ်ကို သေသေချာချာ
စစ်ဆေးဖို့လိုလာပြီ ။
ခေတ်ဟောင်းမှာ ချွေးတဒီးဒီးကျနေတဲ့ ပုံပြင်တွေ
မဖတ်ဖြစ်(မဖတ်ချင်)
ဘိန်းစားဆေးငတ် မဖြစ်အောင်
ကိုယ့်စိတ်ကိုယ် လုပ်ယူလိုက်တယ် ။
မျက်လုံးကို မှိတ်လိုက်တာနဲ့
ချွေးနံ့ဟာ အာရုံကြောထဲ ဝင်လာ
ကိုယ့်စိတ်ကို အကြိမ်ကြိမ် Rape လုပ်ပစ်
ဒီလိုမှမလုပ်ရင်
သံသရာတစ်လျှောက် အနံ့ခံခွေးဖြစ်သွားလိမ့်မယ် ။
လိုအပ်ရင် ကိုယ့်ကိုယ်ကို လိမ်ပစ်
ဘုရားသခင်ဟာ
ဒီလိမ်ညာမှုအပေါ် လိပ်ပြာလုံနေလိမ့်မယ် ။
လက်ဖျားလေးတွေ တဆတ်ဆတ် တုန်ခါလာ
အံသြမှုလား
ချစ်ခြင်းမေတ္တာလား
ဘာလဲ .....
ချွေးနံ့လောက်နဲ့တော့
လိင်ပိုင်းဆိုင်ရာဖောက်ပြန်မှု မဖြစ်နိုင်
လိပ်စာမဲ့ စာအိတ်တစ်လုံး
Love 1500 & Fucking relationships ဆိုတဲ့
တံဆိပ်ခေါင်းနဲ့
ကျုပ်တို့ဟာ ဟန်ဆောင်ပန်ဆောင်
အိပ်မောကြ
မျက်လုံးဖွင့်လျက် ..... ။
အယူအဆတွေ
အတွေးအခေါ်တွေ
စသဖြင့်ပေါ့
ချွေးမထွက်ဘဲ လုပ်လို့ရသမျှ
စိတ်ရဲ့ ပြတ်ရှနာတွေ
အပြင်းစား ဆေးသိပ်မှုနဲ့
ငါ့ကမ္ဘာငါ မျှားခေါ်လိုက်ပြီ ..... ။
တောင့်တမိတဲ့ ချွေးနံ့ဟာ
အိုးဇုန်းလွှာ အပေါက်ကနေထွက်သွားပြီ ။
သူမဟာ ရှားပါးလူဖြစ်ရုပ်ကြွင်း
အရိုးချင်းပူးကပ်
ကျောဘက်မှာ
တက်တူးအသစ်စက်စက်ကလေးတစ်ခု
စိတ်ပါပါထိုးပစ်
အနံ့ခံပစ်
ချွေးနံ့ထက် သွေးညှီနံ့တွေပဲ ကျုပ်နှာသီးဝမှာ တွဲခိုသွားတယ် ။
နွေစကူး
2014
မွှေးပျံ့နေခြင်းဖြင့်
ညှီစို့စို့ဆိုးဝါးစွာဖြင့်
မသေချာဘူး
ရနံ့တစ်ခုရဲ့ဘာသာဗေဒ
သိပ်တော့နားမလည်
ဒါပေမယ့် ....
လိုအပ်တယ် ။
ကိုယ်တောင့်တမိတဲ့ ချွေးနံ့
ဘယ်နားကထွက်လာသလဲ
မိန်းမတစ်ယောက်ဆီကလား
ယောင်္ကျားတစ်ယောက်ဆီကလား
မတိကျ ..... မသေချာ ။
ဘယ်ကလဲ
ထပ်တလဲလဲပဲ မေးတယ်
သနပ်ခါးလိမ်းထားတဲ့ ပါးပြင်ကလား
ဆိုးဆေးမထိထားတဲ့ နှုတ်ခမ်းကလား
ကိုယ်မမြင်ဖူးတဲ့ ရင်သားပေါ်ကလား
ဒါမှမဟုတ်
ဟိုးးး
အတွင်းတစ်နေရာရာကလား
အတိအကျတော့ မဟုတ်ဘူး
ဒါပေမယ့်
ဒီချွေးနံ့လေးကို တယုတယတောင့်တ
ကိုယ်ဟာကြောင်တစ်ကောင်လို
ရှာတယ်
ခွေးတစ်ကောင်လို အနံ့ခံကြည့်တယ်
နဖူးပြင်က ဆံနွယ်စတွေကနေ
ခြေမပေါ်ကျသွားတဲ့ ချွေးစလေးတွေအထိ
တယုတယလိုက်နမ်းမိ ။
လိပ်ပြာမလုံတဲ့ အကြည့်တွေ
သံသယအနံ့တွေနဲ့
တယူသန်ရူးသွပ်မှုတွေဟာ
အာရုံကြောဆီ အလျားထိုး ဝင်ရောက်
သူမနဲ့ ကိုယ့်ကြားမှာ
သွေးသားတော်စပ်မှု ရှိကောင်းရှိမယ်
ဒါပေမယ့်
ဒီချွေးနံ့ကို တစ်ကမ္ဘာလုံးက
မိန်းမတိုင်း မပိုင်ဆိုင်နိုင်လောက်ဘူး
ဘာလုပ်ပစ်ရမလဲ
ကိုယ့်ကိုယ်ကို သေသေချာချာ
စစ်ဆေးဖို့လိုလာပြီ ။
ခေတ်ဟောင်းမှာ ချွေးတဒီးဒီးကျနေတဲ့ ပုံပြင်တွေ
မဖတ်ဖြစ်(မဖတ်ချင်)
ဘိန်းစားဆေးငတ် မဖြစ်အောင်
ကိုယ့်စိတ်ကိုယ် လုပ်ယူလိုက်တယ် ။
မျက်လုံးကို မှိတ်လိုက်တာနဲ့
ချွေးနံ့ဟာ အာရုံကြောထဲ ဝင်လာ
ကိုယ့်စိတ်ကို အကြိမ်ကြိမ် Rape လုပ်ပစ်
ဒီလိုမှမလုပ်ရင်
သံသရာတစ်လျှောက် အနံ့ခံခွေးဖြစ်သွားလိမ့်မယ် ။
လိုအပ်ရင် ကိုယ့်ကိုယ်ကို လိမ်ပစ်
ဘုရားသခင်ဟာ
ဒီလိမ်ညာမှုအပေါ် လိပ်ပြာလုံနေလိမ့်မယ် ။
လက်ဖျားလေးတွေ တဆတ်ဆတ် တုန်ခါလာ
အံသြမှုလား
ချစ်ခြင်းမေတ္တာလား
ဘာလဲ .....
ချွေးနံ့လောက်နဲ့တော့
လိင်ပိုင်းဆိုင်ရာဖောက်ပြန်မှု မဖြစ်နိုင်
လိပ်စာမဲ့ စာအိတ်တစ်လုံး
Love 1500 & Fucking relationships ဆိုတဲ့
တံဆိပ်ခေါင်းနဲ့
ကျုပ်တို့ဟာ ဟန်ဆောင်ပန်ဆောင်
အိပ်မောကြ
မျက်လုံးဖွင့်လျက် ..... ။
အယူအဆတွေ
အတွေးအခေါ်တွေ
စသဖြင့်ပေါ့
ချွေးမထွက်ဘဲ လုပ်လို့ရသမျှ
စိတ်ရဲ့ ပြတ်ရှနာတွေ
အပြင်းစား ဆေးသိပ်မှုနဲ့
ငါ့ကမ္ဘာငါ မျှားခေါ်လိုက်ပြီ ..... ။
တောင့်တမိတဲ့ ချွေးနံ့ဟာ
အိုးဇုန်းလွှာ အပေါက်ကနေထွက်သွားပြီ ။
သူမဟာ ရှားပါးလူဖြစ်ရုပ်ကြွင်း
အရိုးချင်းပူးကပ်
ကျောဘက်မှာ
တက်တူးအသစ်စက်စက်ကလေးတစ်ခု
စိတ်ပါပါထိုးပစ်
အနံ့ခံပစ်
ချွေးနံ့ထက် သွေးညှီနံ့တွေပဲ ကျုပ်နှာသီးဝမှာ တွဲခိုသွားတယ် ။
နွေစကူး
2014
အာမခံဖို့တော့လိုမယ်
@@@ အာမခံဖို့တော့လိုမယ် @@@
ကျွန်တော်ဟာ ကမ္ဘာ့လူသားတစ်ယောက်ပါ...
ကမ္ဘာကြီးကို ဘယ်လိုတိုးတက်အောင် လုပ်ရမှန်းမသိပေမဲ့
ကမ္ဘာကြီးကိုတော့ မဆုတ်လျော့စေချင်ခဲ့ပါဘူး...။
ကျွန်တော်ဟာ မြန်မာပြည်သားတစ်ယောက်ပါ...
မြန်မာပြည်ကို ဘယ်လိုတိုးတက်အောင် မလုပ်တတ်ပေမဲ့
မြန်မာပြည်ကိုတော့ မနွမ်းပါးစေချင်ခဲ့ပါဘူး...။
ကျွန်တော်ဟာ ဧရာဝတီကို ချစ်တဲ့သူတစ်ယောက်ပါ...
ဧရာဝတီကို ဘယ်လိုကာကွယ်ရမှန်းမသိပေမဲ့
ဧရာဝတီကို ထာဝရ ရှင်သန်စေချင်ခဲ့သူ...။
လက်ပန်တောင်
သဘာဝဓါတ်ငွေ့
သစ်တော
မြစ်ဆုံ
ဘာပဲဖြစ်ပေါ့...
ဘယ်အချိန်ပဲဖြစ်ဖြစ်...
အကျိုးအဖြစ် အဆိုးအပြစ်ကို
ထင်သာစေချင်ခဲ့သူ...
သုံးချပ်မှောက် ဖဲသမားလို
မလှည့်ဖျားသင့်ပါဘူး...
(မလိမ်မညာ မလှည့်စားပါဘူးဆိုရင်)
ကျွန်တော်တို့ ဘ၀တွေကိုပုံအောကစားပစ်မယ်
သန့်ရှင်းတဲ့ games တော့ ဖြစ်ဖို့အာမခံပေါ့...။
ကျော်ထွန်းနိုင်
ကျွန်တော်ဟာ ကမ္ဘာ့လူသားတစ်ယောက်ပါ...
ကမ္ဘာကြီးကို ဘယ်လိုတိုးတက်အောင် လုပ်ရမှန်းမသိပေမဲ့
ကမ္ဘာကြီးကိုတော့ မဆုတ်လျော့စေချင်ခဲ့ပါဘူး...။
ကျွန်တော်ဟာ မြန်မာပြည်သားတစ်ယောက်ပါ...
မြန်မာပြည်ကို ဘယ်လိုတိုးတက်အောင် မလုပ်တတ်ပေမဲ့
မြန်မာပြည်ကိုတော့ မနွမ်းပါးစေချင်ခဲ့ပါဘူး...။
ကျွန်တော်ဟာ ဧရာဝတီကို ချစ်တဲ့သူတစ်ယောက်ပါ...
ဧရာဝတီကို ဘယ်လိုကာကွယ်ရမှန်းမသိပေမဲ့
ဧရာဝတီကို ထာဝရ ရှင်သန်စေချင်ခဲ့သူ...။
လက်ပန်တောင်
သဘာဝဓါတ်ငွေ့
သစ်တော
မြစ်ဆုံ
ဘာပဲဖြစ်ပေါ့...
ဘယ်အချိန်ပဲဖြစ်ဖြစ်...
အကျိုးအဖြစ် အဆိုးအပြစ်ကို
ထင်သာစေချင်ခဲ့သူ...
သုံးချပ်မှောက် ဖဲသမားလို
မလှည့်ဖျားသင့်ပါဘူး...
(မလိမ်မညာ မလှည့်စားပါဘူးဆိုရင်)
ကျွန်တော်တို့ ဘ၀တွေကိုပုံအောကစားပစ်မယ်
သန့်ရှင်းတဲ့ games တော့ ဖြစ်ဖို့အာမခံပေါ့...။
ကျော်ထွန်းနိုင်
အခြားမဲ့ မြိုသိပ်ခြင်း
@@ အခြားမဲ့ မြိုသိပ်ခြင်း@@
စက္ကန့်တွေတစ်ခုပြီးတစ်ခုဖြတ်သန်းသွားတိုင်း
မင်းနဲ့ငါဝေးကွာခြင်းတံတိုင်းတွေအထပ်ထပ်ခြား
ငါ့နှလုံးသားမှာဒဏ်ရာတွေများခဲ့ပါပြီ
မဏိစန္ဒာ
ရောင်နီဦးရဲ့သခင်မမင်း
ငါမပိုင်တဲ့ငါရဲ့ဘုရင်မ
မင်းဘဏ္ဍာတံဆိပ်တပ်
ငါရင်ရိပ်ကိုရိုက်ချိုး
ရာဇဝင်မှာနာမည်ဆိုးမတွင်အောင်
ခြေဖဝါးကိုကျော်မော်တောင်
မကြည့်ဝံ့ခဲ့ရပါဘူးထိပ်ထားရယ်။
မချစ်လို့တမင်မကြင်ဟန်နဲ့တိမ်း
မင်းယောင်္ကျားတို့နှလုံးသားက
စိမ်းကားခြင်းအရောင်နဲ့
တလက်လက်ထနေတယ်လို့
မျက်နှာတော်အလိုမကျလို့ငြူစူရင်လည်း
အထင်လွဲခံအံကြိတ်ခပ်မဆိပ်နေမှာပါဒေဝီ။
ချစ်ခြင်းဆိုတာပိုင်ဆိုင်မှုလို့
ဘယ်ခါမှမစဉ်းစား
မင်းမျက်ဝန်းညိုညိုနဲ့
အပြုံးပျော်အကြောင်းလေးပဲတွေး
အကျွန့်ရင်ထဲအေးမြရပါရဲ့
နှလုံးသားရဲ့ဧကရီ ရယ်
သခင်မမျက်နှာတစ်ချက်ညိုးရင်
မီးတောက်မတတ်ရင်က
ပူလောင်ဗျာခတ်မနေတတ်တာ
ထိပ်ထားမသိအောင်သရုပ်ဆောင်
ခပ်တည်တည်မာန်ထုတ်
ဟန်ဆောင်ဖို့အလုပ်ရှုတ်နေရသူပါ။
ဒါပါပဲဒေဝီ
အရှင်ပိုင်တဲ့မင်းဘဏ္ဍာ
ကိုယ့်အတွက်မဟုတ်မှန်းသိပေမဲ့
တစ်ဖက်သတ်မျက်ကန်း
ကျွန်တော်မျိုးရဲ့မြတ်နိုးခန်းကို
တမင်တကာဖွင့်ဟ
သခင်မသိအောင်မပြတော့ပါဘူး
နှလုံးသားရဲ့လိုချင်မှုကိုသိမ်း
ကျွန်ယုံတစ်ယောက်လို
ခပ်စိမ်းစိမ်းခစား
သခင်မအပါးတော်မြဲပေမဲ့
ခြေဖဝါးအထက်ကိုကျော်
မျက်တောင်တောင်မော်မဖူးတော့မှာ
သခင်မ မသိပါစေနဲ့
နားမလည်ပါစေနဲ့တော့လေ။
အရိပ်
်
စက္ကန့်တွေတစ်ခုပြီးတစ်ခုဖြတ်သန်းသွားတိုင်း
မင်းနဲ့ငါဝေးကွာခြင်းတံတိုင်းတွေအထပ်ထပ်ခြား
ငါ့နှလုံးသားမှာဒဏ်ရာတွေများခဲ့ပါပြီ
မဏိစန္ဒာ
ရောင်နီဦးရဲ့သခင်မမင်း
ငါမပိုင်တဲ့ငါရဲ့ဘုရင်မ
မင်းဘဏ္ဍာတံဆိပ်တပ်
ငါရင်ရိပ်ကိုရိုက်ချိုး
ရာဇဝင်မှာနာမည်ဆိုးမတွင်အောင်
ခြေဖဝါးကိုကျော်မော်တောင်
မကြည့်ဝံ့ခဲ့ရပါဘူးထိပ်ထားရယ်။
မချစ်လို့တမင်မကြင်ဟန်နဲ့တိမ်း
မင်းယောင်္ကျားတို့နှလုံးသားက
စိမ်းကားခြင်းအရောင်နဲ့
တလက်လက်ထနေတယ်လို့
မျက်နှာတော်အလိုမကျလို့ငြူစူရင်လည်း
အထင်လွဲခံအံကြိတ်ခပ်မဆိပ်နေမှာပါဒေဝီ။
ချစ်ခြင်းဆိုတာပိုင်ဆိုင်မှုလို့
ဘယ်ခါမှမစဉ်းစား
မင်းမျက်ဝန်းညိုညိုနဲ့
အပြုံးပျော်အကြောင်းလေးပဲတွေး
အကျွန့်ရင်ထဲအေးမြရပါရဲ့
နှလုံးသားရဲ့ဧကရီ ရယ်
သခင်မမျက်နှာတစ်ချက်ညိုးရင်
မီးတောက်မတတ်ရင်က
ပူလောင်ဗျာခတ်မနေတတ်တာ
ထိပ်ထားမသိအောင်သရုပ်ဆောင်
ခပ်တည်တည်မာန်ထုတ်
ဟန်ဆောင်ဖို့အလုပ်ရှုတ်နေရသူပါ။
ဒါပါပဲဒေဝီ
အရှင်ပိုင်တဲ့မင်းဘဏ္ဍာ
ကိုယ့်အတွက်မဟုတ်မှန်းသိပေမဲ့
တစ်ဖက်သတ်မျက်ကန်း
ကျွန်တော်မျိုးရဲ့မြတ်နိုးခန်းကို
တမင်တကာဖွင့်ဟ
သခင်မသိအောင်မပြတော့ပါဘူး
နှလုံးသားရဲ့လိုချင်မှုကိုသိမ်း
ကျွန်ယုံတစ်ယောက်လို
ခပ်စိမ်းစိမ်းခစား
သခင်မအပါးတော်မြဲပေမဲ့
ခြေဖဝါးအထက်ကိုကျော်
မျက်တောင်တောင်မော်မဖူးတော့မှာ
သခင်မ မသိပါစေနဲ့
နားမလည်ပါစေနဲ့တော့လေ။
အရိပ်
်
၂၀၁၄ ခုနှစ်မှာ ကျုပ်တို့ဟာ ကြည့်မှန်တစ်ချပ်ဆောင်ထားသင့်တယ်
၂၀၁၄ ခုနှစ်မှာ ကျုပ်တို့ဟာ ကြည့်မှန်တစ်ချပ် ဆောင်ထားသင့်တယ်
အေးစက်နေတဲ့ သဲအိုးလေးအကွဲလေးကို ရေဖြည့်လိုက်တယ် ဒါဟာ လက်ရှိ Social website ပေါ်က ကဗျာဆရာတွေရဲ့ Icon ပဲ ။ ကြွပ်ဆတ်ဆတ်ဖြစ်နေတဲ့ အတ္တက တစ်ယောက်ထဲဘောင်ဘင်ခတ်လို့ ။ စိတ်ဟာ ရှေးဟောင်းနှောင်းဖြစ် ပန်းချီကားတစ်ချပ်လို တစ်ချို့က ဒါဗင်ချီနဲ့ တစ်ချို့က ဦးငွေကိုင်နဲ့ တကယ်တော့ ကျုပ်တို့ဟာ ကိုယ့်ရုပ်အသေတွေ ကိုယ်ပြန်ငေးနေရတဲ့ ကောင်တွေပါ ။ မှန်စာတိုက်ပြီးသားကြိုးတွေနဲ့ ရုပ်သေးရုပ်လေး လိုချင်တယ် ။ ကိုယ့်ကိုယ်ကို အထိအခိုက်မခံချင်တော့တဲ့အခါ နာကျင်မှုအတွက် အဖိုးတန်ကွန်ဒုံးတွေ လိုလာပြီ ။
တရဲရဲ တောက်လောင်နေတဲ့ စီးကရက်မီးလေးကို လူ့အဖွဲ့အစည်း ပုံစံခွက်ထဲထိုးချေပစ်လိုက် ။ မျှော်လင့်ချက်ဟာ မီးငြိမ်းတောင်က ချှော်ရည်တွေပဲ ။ ငယ်ငယ်က ဘုရားပွဲဈေးမှာ စက္ကူမြင်းရုပ်လေး ပူဆာဖူးတယ် ။ တကယ်တော့ စက္ကူမြင်းလေးဟာ ကျုပ်နဲ့ သိပ်တူတာပဲ ။ ရုပ်ပိုင်းဆိုင်ရာ ဝါဒတွေနဲ့ ကိုယ်ရည်သွေးဟန်ပန်တွေကလွဲရင် ခြေတစ်လှမ်းတောင် ကိုယ့်ခွန်ကိုယ့်အားနဲ့ မရုန်းနိုင်ဘူး ။ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ယုယကြည့်တယ် တစ်ခါတစ်ခါ မျက်စပစ်ထားတဲ့ သံသယတွေနဲ့ ကျွန်တော့်ကို ပစ်ပယ်လိုက်တယ် ။ စိုင်ကော်မှ ခြုံပေါ်ရောက်မယ့် ခေတ်ထဲမှာ ကျွန်တော် စိုင်တစ်ကောင် ဖြစ်ချင်တယ် ။ ခွေးဖြစ်ခဲ့ရင်တောင် ကောက်ရိုးပုံစောင့်ရတာထက် ပြာပုံထဲပဲတိုးနေချင်တယ် ။ အခြေခံစိတ်ခံစားချက်ဟာ ကိုယ့်အနာကိုယ်လျှာနဲ့သပ်ရသလိုပဲ ။ အရသာခံလိုခြင်းမရှိဘူး ။
တယ်လီကွန်ဖရန်စီနည်းပညာတွေနဲ့ တိုးတက်လာခြင်း
လူကေးမီးယားရောဂါတွေနဲ့ ဆုတ်ယုတ်လာခြင်း စတဲ့သတင်းတွေဟာ ကျုပ်တို့အတွက် အီးဇီးတူး(သန္ဓေတားဆေး)တစ်ကဒ်ဖိုးလောက်တောင် အရေးကြီးပုံမရဘူး ။ ကမ္ဘာမြေကို သွေးအစစ်တွေ ဖောက်လှူချင်တယ် ။ သစ္စာတရားဟာ ကိုယ်ခန္ဓာပေါ်က အသေးစားသွေးကြောမျှင်တွေလိုပဲ စောက်ရမ်း ပေါက်ပြဲလွယ်တယ် ။ မျက်လုံးတွေပွတ်သပ် လက်ညှိုးတွေ လျှောက်ထိုးနေပေမယ့် ကျုပ်တို့ အခုထိ မှန် မကြည့်ဖြစ်သေးဘူး ။ နောက်ဆုံးတော့ ခိုးဝှက်ထားတဲ့ Location ထဲမှာ ကိုယ့်ကိုယ်ကို Save မနှိပ်ဖြစ်ခဲ့တဲ့ bat.file တွေဟာ ကျုပ်တို့ပဲ ဖြစ်သွားတယ် ။
နွေစကူး
Subscribe to:
Comments (Atom)